167 Shares 41 Views

အပူချိန်ကို အလိုအလျှောက် ထိန်းညှိပေးမယ့် စမတ် အဲကွန်း ဂျက်ကက်

Oct 11, 2017
167 41

Kinisix ThermoSmart အမည်ရ စမတ် ဂျက်ကက်က အဲကွန်းများလို စွမ်းဆောင်နိုင်ပါတယ်။ ၀တ်ဆင်ထားသူရဲ့ ပတ်ဝန်းကျင်မှာ အေးမြနေရင် အပူပေးနိုင်ပြီး ပူအိုက်နေရင်တော့ အေးမြအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Kinesix Sports အမည်ရ ကုမ္ပဏီက တီထွင်ထားခြင်း ဖြစ်ပြီး နေအိမ်မှာသာမက အပြင်သွားရင်လည်း ၀တ်ဆင်နိုင်ပါတယ်။ သူ့မှာ Sensors များထည့်သွင်းထားတဲ့အတွက် ပတ်ဝန်းကျင်ရဲ့ အပူချိန်ကို အာရုံခံနိုင်တာ ဖြစ်ပါတယ်။ အပူပေးတဲ့ ကိရိယာများကို ဂျက်ကက်ရဲ့ အရှေ့နဲ့ အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ Smartphone App ကနေလည်း အပူချိန်ကို ထိန်းညှိနိုင်ပါတယ်။ အပူဆုံးအနေဖြင့် သူက ၁၀၄ ဒီဂရီ ဖာရင်ဟိုက်အထိ ထုတ်လုပ်ပေးနိုင်ပြီး ၃ နာရီအထိ ဘက်ထရီက ထောက်ပံ့ပေးနိုင်ပါတယ်။

သူ့မှာ အပူချိန်ကို အလိုအလျှောက် ချိန်ညှိပေးတဲ့ စနစ်လည်း ပါပါတယ်။ အဲဒီ Mode ကို အသုံးပြုထားရင် Sensors များက ပတ်ဝန်းကျင်မှ အပူချိန်ကို အာရုံခံပြီး အပူပေးတဲ့ ကိရိယာများကို ခိုင်းစေမှာ ဖြစ်ပါတယ်။ အားကစားပြုလုပ်တဲ့ အချိန်မှာတော့ ဂျက်ကက်က ကိုယ်ခန္တာကို အေးမြအောင် ထိန်းညှိပေးနိုင်ပါတယ်။

ဂျက်ကက်ကို ချည်သားဖြင့် ပြုလုပ်ထားပြီး ရေစိုခံပါတယ်။ အိတ်ကပ် ၈ ခုနဲ့ ဘက်ထရီ အိတ်ကပ် ၂ ခု ပါပါတယ်။ ကော်လာဟာလည်း အရှင်ဖြစ်ပြီး ဖြုတ်နိုင်ပါတယ်။ ဒီဇင်ဘာလအစောပိုင်းမှာ ရောင်းချမှာ ဖြစ်ပြီး ၅၅၉ ဒေါ်လာဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

ref : digitaltrends

You may be interested

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
0 shares0 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
131 shares63 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1333 shares226 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

Leave a Comment

Most from this category