514 Shares 207 Views

18:9 Screen , Dual Camera ပါတဲ့ Huawei Honor 7X ကို မိတ်ဆက်ပြီ

Oct 11, 2017
514 207

Huawei က Honor 7X ကို မိတ်ဆက်လိုက်ပြီး 18:9 Screen ပါတဲ့ ပထမဆုံး Honor Phone ဖြစ်လာပါတယ်။ သူ့မှာ ၅.၉၃ လက်မ 1080x2160p Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၀၇ ဖြစ်ပါတယ်။ မျက်နှာပြင်ကို 2.5D Glass ဖြင့် ကာကွယ်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 16MP Main Camera ကို 2MP Camera ဖြင့် ပံ့ပိုးထားပါတယ်။ Selfie Camera ကတော့ 8MP ဖြစ်ပါတယ်။ သူ့ကို Huawei Kirin 659 Chipset မောင်းနှင်မှာ ဖြစ်ပြီး Cortex-A53 Core ၈ လုံး ပါပါတယ်။ ဂရပ်ဖစ်ကတော့ Mali-T830 MP2 ဖြစ်ပါတယ်။ 4GB RAM ပါပြီး Storage အပိုင်းမှာ 32GB ကနေ 128GB အထိ ရွေးချယ်နိုင်ပါတယ်။ Dybrid Dual SIM Slot ဖြစ်တဲ့အတွက် microSD Card စိုက်ထားရင် SIM Card တစ်ခုသာ သုံးနိုင်မှာပါ။

Android 7.0 Nougat အခြေပြု EMUI 5.1 ထည့်သွင်းထားပါတယ်။ 3340mAh Battery ပါပါတယ်။ တရုတ်မှာ ယခုလ ၁၇ ရက်နေ့မှာ ရောင်းချမှာပါ။ 32GB Version ကို ဒေါ်လာ ၂၀၀ ၊ 64GB Version ကို ဒေါ်လာ ၂၆၀ နဲ့ 128GB Version ကို ဒေါ်လာ ၃၀၀ သတ်မှတ်ထားပါတယ်။

ref : gsmarena

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Leave a Comment

Most from this category