224 Shares 61 Views

OZo VR ဌာနကိုပိတ်ပစ်လိုက်တဲ့ Nokia

Oct 11, 2017
224 61

Nokia ဟာ 2016 ခုနှစ်တုံးက သူတို့ရဲ့ မိုဘိုင်းဖုန်းကဏ္ဍကိုဖြုတ်ပစ်လိုက်ပြီး IOT ဘက်ကိုသာသွားတော့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Withings ကိုဝယ်ယူခဲ့ပါတယ်။ Nokia ၀ယ်ယူလိုက်တဲ့ အထဲမှာ Ozo VR 360-Degree ကင်မရာလည်း ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် ဒီနေ့မှာတော့ Nokia ဟာ ဖွံ့ဖြိုးမှုနှောင့်နှေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ သူတို့ရဲ့ OZO VR ဌာနကိုပိတ်သိမ်းလိုက်ပါတယ်။ ဒီအကျိုးဆက်ရဲ့နောက်မှာတော့ ဖင်လန်၊အမေရိကန်နဲ့ ဗြိတိန်မှာရှိတဲ့ ဝန်ထမ်းပေါင်း 1090 ရဲ့အလုပ်နေရာပေါင်း 310 ကိုအလုပ်လက်မဲ့ပြဿနာဖြစ်ပေါ်စေမှာပါ။

Nokia ဟာ ဈေးကွက်က ထင်မှတ်ထားသလောက် တိုးတက် ကောင်းမွန်လာခြင်းမရှိတော့တာကြောင့် ဒီစီမံကိန်းကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ “ Nokia က VR ဌာနကို ပိတ်သိမ်းပြီး နည်းပညာလိုင်စင်၊ ဒီဂျစ်တယ်ကျန်းမာရေးတို့ကိုသာ အားစိုက်လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း” Nokia Technologies ရဲ့ဥက္ကဋ္ဌ ဂရက်ဂိုရီလိစ်ကပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က Nokia အနေနဲ့ OZo ကင်မရာစနစ်ကို ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူတွေ 360 ဒီဂရီဗီဒီယိုတွေရိုက်ကူးနိုင်စေဖို့အတွက် high-end အနေနဲ့ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ကင်မရာမူရင်းဈေးနှုန်းကို ဒေါ်လာ ၆သောင်းလို့သတ်မှတ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဒေါ်လာ၎သောင်းခွဲနဲ့သာ ဈေးလျော့ရောင်းချပေးခဲ့ရပါတယ်။ OZo ကင်မရာသုံးတဲ့သူတွေအတွက် နိုကီယာရဲ့ပြောတဲ့စကားကတော့ ဖောက်သည်များစိတ်ချမ်းသာစေဖို့ “ကတိကဝတ်ကိုထိန်းသိမ်းခြင်း” လို့အဓိပ္ပါယ်ထွက်ဆိုခဲပါတယ်။

သူတို့ရဲ့ရည်ရွယ်ချက်ကတော့ live streamingနဲ့ live monitoring ပြုလုပ်နိုင်စေဖို့ရည်ရွယ်ခဲ့တာဖြစ်ပြီး Disney၊ UEFA၊ Sony Pictures အခြားနာမည်ကျော်ကုမ္ပဏီတွေအတွက် VR content တွေဖန်တီးနိုင်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
Ref: gsmarena, theverge

You may be interested

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်

Ko Thuya - Dec 14, 2017

ရှောင်မီရဲ့ စီအီးအိုက Mi 7 ဟာ Qualcomm Snapdragon 845 Chipset ကို ရရှိမယ့် အစောဆုံး စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ Mi 7 နဲ့ Mi 7 Plus…

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း
Android, Apple, FEATURES
0 shares0 views

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း

Ko Thuya - Dec 14, 2017

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ
NEWS, Pc & Laptops
176 shares359 views

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ

Nwe Oo - Dec 14, 2017

Samsung ကတော့ အရမ်းကို ပါးလွှာတဲ့ Ultrabook ပိုင်းကိုသွားနေပါပြီ။ 13.3” version နဲပ Samsung Notebook 9 (2018) က 995g (2.19lbs) လေးပြီး သူ့ထက်ပိုကြီးတဲ့ 15” မော်ဒယ်လ်ကတော့ 1,250g (2.76lbs) ပဲ…

Leave a Comment

Most from this category