187 Shares 34 Views

ZTE Nubia Z17s ရဲ့အချက်အလက် Video ဖိုင်များထပ်မံထွက်ပေါ်လာ

Oct 11, 2017
187 34

ZTE အနေနဲ့ အောက်တိုဘာ 12 ရက်နေ့မှာ သူတို့ရဲ့ Nubia series စမတ်ဖုန်းသစ်တွေကို တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ အခုတော့မိတ်ဆက်ပွဲမတိုင်ခင်ရက်ပိုင်းလောက်သာလိုတော့တဲ့အချိန်မှာပဲ Nubia အသစ်မှာပါဝင်မယ့် အချက်အလက်ဗီဒီယိုဖိုင်တွေ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူအနေနဲ့ Nubia နဲ့ပတ်သတ်တဲ့ Video ဖိုင် 2 ခုကိုတင်ပေးခဲ့ပြီး သုံးစွဲသူတွေကိုထပ်မံဆွဲ ဆောင်လိုက်ပါတယ်။ 10 စက္ကန့်သာကြာမြင့်တဲ Nubia ရဲ့ဗီဒီယိုဖိုင်တခုကို Weibo Account မှာတင်လိုက်တာဖြစ်ပါတယ်။ ပထမတင်တဲ့ Video ဖိုင်မှာတော့ ဖုန်းရဲ့အရှေ့ပိုင်းမြင်ကွင်းကိုတော့ မမြင်တွေ့လိုက်ရပဲ ဆန်းသစ်လှပတဲ့ကိုယ်ထည်အရောင်ပိုင်းကိုသာ မြင်တွေ့လိုက်ရပါတယ်။ Nubia အသစ်ကိုအရောင်၃မျိုးနဲ့မြင်တွေ့ခဲ့ရပြီး ရွေရောင်၊ Sapphire Blue နဲ့ Aqua Blue လို စမတ်ဖုန်းတွေမှာ သိပ်သုံးလေ့မရှိတဲ့ ရှားပါးတဲ့အရောင်မျိုးတွေ မြင်တွေ့ခဲ့ပါတယ်။

ဒုတိယဗီဒီယိုဖိုင်မှာတော့ ဖုန်းမှာပါဝင်တဲ့အချက်လက်အများစုကို မြင်တွေ့ခဲ့ရပြီး ဇွန်လကထွက်ခဲ့တဲ့ Z17 နဲ့အတော်လေးတူညီနေပါတယ်။ ဖုန်းရဲ့နောက်ကျောဘက်မှာ ကင်မရာ ၂ လုံးတပ်ဆင်ပေးထားပြီး Lens ၂ ခုနားမှာအနီရောင်ကွင်းလေးနဲဒီဇိုင်းဆင်ထားပါတယ်။ ယခုနှစ်အစောပိုင်းတုန်းကထွက်ရှိခဲ့တဲ့ Nubia Z17 မှာတော့ ပုံမှန်ဘေးဘောင်အချိုးတွေအတိုင်း 16:9 နဲ့ပဲဖြစ်ပါတယ်။ အသစ်ထွက်လာမယ့် စမတ်ဖုန်းမှာတော့ TENNA ရဲ့ပေါက်ကြားမှုအရ နောက်ဆုံးပေါ်ဖုန်းတွေမှာသုံးနေတဲ့ ဘေးဘောင်မဲ့အချိုးဖြစ်တဲ့ 18:9 ကိုသုံးလာမယ်လို့ဆိုပါတယ်။ မျက်နှာပြင် 5.73 လက်မရှိလာမှာဖြစ်ပြီး ဖုန်းရဲ့အပေါ်ဘက်နဲ့အောက်ဘက် ဘောင်လေးတွေဟာ 3 မီလီမီတာလောက်ပဲရှိတော့မှာဖြစ်ပါတယ်။

လက်ဗွေဖတ်စနစ်ကို Display ရဲ့အောက်မှာ မြုပ်နှံထည့်သွင်းထားမှာဖြစ်ပြီး ဘေးဘောင်မဲ့ ဒီဇိုင်းပုံစံမျိုးလုံးဝဖြစ်သွားအောင် အရှေ့ဘက် LED Flash ကိုချန်လှပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အခြားအချက်အလက်တွေအရကြည့်မယ်ဆိုရင်တော့ 2.0GHz အမြန်နှုန်းရှိမယ့် Octa-Core ပရိုဆက်ဆာနဲ့အတူ 6GB RAM ထည့်သွင်းထားမှာဖြစ်ပါတယ်။ အချက်အလက် သိုလှောင်နိုင်စွမ်းကတော့ 64GB နဲ့ထွက်လာမှာဖြစ်ပါတယ်။ နောက်ကျောဘက်မှာ 13MP Sensor ကင်မရာတလုံးနဲ့ဒုတိယကင်မရာဆင်ဆာကတော့ 23MP လောက်ပါဝင်လာနိုင်ခြေရှိပါတယ်။ အရှေ့ဘက် Selfieကင်မရာကိုတော့ 16MP တပ်ဆင်ပေးထားဖို့ သေချာသလောက်ရှိနေပါတယ်။
Ref: Gsmarena

You may be interested

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
0 shares0 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
131 shares63 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1333 shares226 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

Leave a Comment

Most from this category