0 Shares 144 Views

email တီထွင်ခဲ့သူ Ray Tomlinson ကွယ်လွန်

Mar 07, 2016
0 144

email ကို စတင်တီထွင်ခဲ့တဲ့ လူလို့ လူသိများခဲ့တဲ့ အင်တာနက်ရဲ့ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်တဲ့ Ray Tomlinson ဟာ ပြီးခဲ့တဲ့ မတ်လ ၅ရက်နေ့က အသက်၇၄နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ သတင်းတွေအရ Tomlinson ဟာ ရုတ်တရက် နှလုံးဖောက်ပြန်မှု ဖြစ်ပွားပြီးတော့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအမေရိကန်ကွန်ပျူတာ ပရိုဂရမ်မာဟာ ကွန်ယက်တစ်ခုကနေ နောက်တစ်ခုကို အီလက်ထရောနစ်မက်ဆေ့ခ်ျတွေ ပို့ပေးနိုင်လိမ့်မယ်လို့ ၁၉၇၁ ခုနှစ်တုန်းက အကြံဥာဏ်ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စံအဖြစ် အသုံးပြုနေဆဲဖြစ်တဲ့ email လိပ်စာပေါ်က @ သင်္ကေတတွေကလည်း သူ့ရဲ့တီထွင်မှုမှာ အပါအဝင်ဖြစ်ပါတယ်။

သူဟာ ဘော်စတွန်မှာ ရှိတဲ့ Bolt ကုမ္ပဏီမှာ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်နေစဉ်အတောအတွင်း သူ့ရဲ့ ပထမဆုံး email ကို Beranek နဲ့ Newman တို့နဲ့အတူ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် Arpanet လို့ လူသိများတဲ့ အင်တာနက်ကို အမြန်ဆုံးတိုးတက်လာစေခဲ့တဲ့ အစောပိုင်းပုံစံ ကိုလည်း တီထွင်ခဲ့ရာမှာ အရေးပါခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် Tomlinson ကနောက်ပိုင်းမှာ သူ့ပို့ခဲ့တဲ့ ပထမဦးဆုံး မက်ဆေ့ခ်ျကဘာလဲ ဆိုတာကို မမှတ်မိတော့ပဲ လုံးဝမေ့သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

သူကွယ်လွန်တာကို ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ Google ရဲ့ Gmail အဖွဲ့၊ အင်တာနက်စွန့်ဦးတီထွင်ပညာရှင် Vint Cerf တို့ကလည်း ဝမ်းနည်းကြောင်း Post တွေကို Twitter စာမျက်နှာတွေမှာ တင်ခဲ့ကြပါတယ်။

ray tomlinson sad twitt Gmailray tomlinson sad twitt vint cerf

Ref: BBC, Guardian

You may be interested

K10(2018) လို စွမ်းရည်သင့် ဖုန်းများမှာ ပါလာမယ့် LG Pay
Android, HUBS, LG
0 shares0 views

K10(2018) လို စွမ်းရည်သင့် ဖုန်းများမှာ ပါလာမယ့် LG Pay

Ko Thuya - Dec 18, 2017

ယခုနှစ် ဇူလိုင်လမှာ LG က သူ့ရဲ့ မိုဘိုင်းငွေပေးချေမှု စနစ်ဖြစ်တဲ့ LG Pay ကို ကုမ္ပဏီထုတ် စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများမှာ ထည့်သွင်းပေးမယ်လို့ အတည်ပြုခဲ့ပါတယ်။ အခုတော့ တောင်ကိုရီးယားက ထွက်ပေါ်လာတဲ့ သတင်းများအရ LG K10(2018) ဟာ LG…

Apple , Google , Microsoft နဲ့ Facebook တို့ တစ်စက္ကန့်မှာ အမြတ်ငွေ ဘယ်လောက်ရကြသလဲ ?
Apple, Facebook, Google
0 shares0 views

Apple , Google , Microsoft နဲ့ Facebook တို့ တစ်စက္ကန့်မှာ အမြတ်ငွေ ဘယ်လောက်ရကြသလဲ ?

Ko Thuya - Dec 18, 2017

Apple ဟာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ဘရန်း အဖြစ် လွန်ခဲ့တဲ့ ငါးနှစ်စလုံး ရပ်တည်နိုင်ခဲ့ပါတယ်။ အခုလည်း Fortune Global 500 ရဲ့ စာရင်းမှာ Apple ဟာ ကမ္ဘာမှာ အမြတ်ငွေ အများဆုံး ရတဲ့ ထိပ်ဆုံး ကုမ္ပဏီ…

TrueDepth ပြဿနာထပ်မံဖြစ်ပေါ်လာပြန်တဲ့ iPhone X
Apple, HUBS, Mobiles & Tablets
0 shares30 views

TrueDepth ပြဿနာထပ်မံဖြစ်ပေါ်လာပြန်တဲ့ iPhone X

Ko Thuya - Dec 18, 2017

iPhone X ရဲ့ Face ID နဲ့ပတ်သတ်တဲ့ ပြဿနာတွေကတော့ အခုချိန်ထိ ဆုံးခန်းတိုင်းခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကတင် တရုတ်နိုင်ငံမှာရှိတဲ့ iPhone X အသုံးပြုသူတဦးဟာ Face ID ပြဿနာတခုဖြစ်လာပါ သေးတယ်။ Apple ရဲ့ iPhone X…

Leave a Comment

Most from this category