184 Shares 34 Views

နေရောင်ခြည်စွမ်းအင်သုံး ကားမောင်း ပြိုင်ပွဲ ကျင်းပမည်

Oct 11, 2017
184 34

သြစတြေးလျမှာ Darwin ကနေ Adelaide သို့ နေရောင်ခြည် စွမ်းအင်သုံး ကားမောင်းပြိုင်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီပွဲကို World Solar Challenge လို့ အမည်ပေးထားပြီး နှစ်နှစ်တစ်ကြိမ် ကျင်းပနေတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်ကတော့ ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင်များဖြင့် သယ်ယူပို့ဆောင်ရေး ပြုလုပ်နိုင်မယ့် သုတေသနများကို တိုးမြှင့်ပြုလုပ်ဖို့ ဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပခဲ့တာ အကြိမ် ၃၀ ရှိပြီ ဖြစ်ပြီး မိုင်ပေါင်း ၁၈၆၀ ကို မောင်းနှင်ရမှာ ဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမှာ ဖြစ်ပြီး နိုင်ငံပေါင်း ၄၀ မှ နေရောင်ခြည် စွမ်းအင်သုံးကားပေါင်း ၄၂ စီး ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ကားများမှာ Solar Panel များ တပ်ဆင်ထားပြီး နေရောင်ခြည် စွမ်းအင်ကို ရယူထားကြပါတယ်။

ပြိုင်ပွဲမှာ Challenger ကဏ္ဍလည်း ပါဝင်ပြီး နေရောင်ခြည် စွမ်းအင် တစ်မျိုးထဲဖြင့် တစ်နာရီလျှင် မိုင် ၆၀ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်အောင် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ပြိုင်ပွဲစီစဉ်သူများက ကားများမှာ တပ်ဆင်ထားတဲ့ Solar Panel များရဲ့ အရွယ်အစားကို လျှော့ချခြင်းဖြင့် ပြိုင်ပွဲကို အနည်းငယ် ပိုမို ခက်ခဲအောင် ပြုလုပ်ထားကြပါတယ်။

ပြိုင်ပွဲဝင်များထဲမှာ ရေပန်းစားတဲ့ ကားဟာ Dutch Nuon Solar Team မှ Nuna9 ဖြစ်ပြီး သူတို့ဟာ World Solar Challenge မှာ ၈ ကြိမ်မြောက် ဗိုလ်စွဲဖို့ ရည်မှန်းထားကြပါတယ်။ သူတို့က ဒီနှစ်မှာ ၀င်ပြိုင်မယ့် Nuna9 ကားရဲ့ ဒီဇိုင်းကို အဆင့်မြှင့်ထားတယ်လို့ ပြောပါတယ်။

ref : digitaltrends

You may be interested

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်
Android, Huawei, HUBS
0 shares0 views

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်

Ko Thuya - Dec 15, 2017

Huawei ရဲ့ အရာရှိတစ်ဦးက P11 ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ အခုတော့ ဂျာမနီမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ Huawei ရဲ့ တာဝန်ရှိသူများက လာမယ့်နှစ်…

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ
HUBS, Microsoft, NEWS
44 shares3 views

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ

Ko Thuya - Dec 15, 2017

ဥာဏ်ရည်တု နည်းပညာဟာ အနာဂတ်မှာ လူသားများရဲ့ အလုပ်အကိုင်များကို လုယူမယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာဟာ လက်ရှိမှာတော့ လူသားများကို များစွာ အကျိုးပြုနေပါတယ်။ ဥပမာပြရရင်တော့ Microsoft Seeing AI ဖြစ်ပါတယ်။ သူဟာ Smartphone App ဖြစ်ပြီး…

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ
Meizu, Mobiles & Tablets, NEWS
84 shares15 views

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ

Nwe Oo - Dec 15, 2017

အစကတော့ Meizu M6S ကို နောက်တစ်ပတ် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားဖို့စီစဉ်ထားကြပေမယ့် ကင်မရာပိုင်းမှာ နည်းနည်းပြဿနာရှိနေတာကြောင့် မိတ်ဆက်ပွဲကို ၂၀၁၈ ထိရွှေ့မယ်လို့ သိရပါတယ်။ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လအတွင်း Meizu စမတ်ဖုန်းသစ် ၆လုံးကို တပြိုင်တည်းမိတ်ဆက်မှာက ဒါပထမဆုံးအကြိမ်ပါပဲ။ Meizu M6S…

Leave a Comment

Most from this category