472 Shares 144 Views

ဒူဘိုင်းက အင်္ဂါဂြိုလ်မှာ မြို့တော် တည်ဆောက်မည်

Oct 11, 2017
472 144

ဒူဘိုင်းဟာ နည်းပညာမြင့် အဆောက်အဦးများစွာဖြင့် ကမ္ဘာ့စံချိန်များစွာ တင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အခုလည်း ဒူဘိုင်းက အင်္ဂါဂြိုလ်မှာ တည်ဆောက်မယ့် မြို့တော် ပုံစံတူ တစ်ခုကို သဲကန္တာရမှာ တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ အဲဒီ ပုံစံတူ မြို့ကို တည်ဆောက်ဖို့အတွက် ကမ္ဘာ့ နာမည်ကျော် ဗိသုကာ ပညာရှင် Bjarke Ingels ကို တာဝန်ပေးထားပါတယ်။ အဲဒီ မြို့တော်ရဲ့ ဒီဇိုင်းက အလွန် ဆန်းသစ်တောက်ပြောင်ပါတယ်။

မကြာခင်ကလည်း Elon Musk က SpaceX ဟာ ၂၀၂၂ ခုနှစ်မှာ အင်္ဂါဂြိုလ်သို့ မောင်းသူမဲ့ ယာဉ်များကို စေလွှတ်မှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာတော့ လူသားများကို ပို့ဆောင်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ယူအေအီးကလည်း ၂၁၁၇ ခုနှစ်မှာ အင်္ဂါဂြိုလ်ပေါ်မှာ မြို့တော်ငယ်တစ်ခု တည်ဆောက်ဖို့ စီစဉ်ထားကြပါတယ်။ ဖေဖော်ဝါရီလတုန်းက ၀န်ကြီးချုပ်ဖြစ်သူ Sheikh Mohammed bin Rashid Al Maktoum က Mars 2117 စီမံကိန်းဟာ နိုင်ငံတကာမှ သိပ္ပံပညာရှင်များကို အကျိုးရှိစေမှာ ဖြစ်ပြီး လူငယ်များအတွက် အာကာသကို လေ့လာနိုင်မှာ ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒူဘိုင်းရဲ့ အင်္ဂါဂြိုလ်မှာ တည်ဆောက်မယ့် မြို့ပုံစံတူ စီမံကိန်းကို Mars Science City လို့ အမည်ပေးထားပြီး ဒါဟာလည်း အာကာသကို စူးစမ်းလေ့လာဖို့ ဖြစ်ပါတယ်။ မြို့တော်တည်ဆောက်ဖို့ ဒေါ်လာ သန်း ၁၄၀ နီးပါး ကုန်ကျမှာ ဖြစ်ပြီး အကျယ်အ၀န်းမှာ ၁.၉ သန်း စတုရန်းပေ ရှိပါတယ်။ အင်္ဂါဂြိုလ်ရဲ့ သဘာဝ ပတ်ဝန်းကျင်အတိုင်း မြို့တော်ကို တုပ ဖန်တီးထားမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ကမ္ဘာအ၀န်းမှ သိပ္ပံပညာရှင်များရဲ့ အကြံဥာဏ်များကို ရရှိဖို့ စွဲဆောင်မှုလည်း ဖြစ်ပါတယ်။ သိပ္ပံပညာရှင်နဲ့ အင်ဂျင်နီယာများဟာ မြို့တော်မှာ တစ်နှစ်ကြာ နေထိုင်နိုင်မယ့် အခွင့်အရေးကိုလည်း ရရှိကြမှာ ဖြစ်ပါတယ်။

ref : mashable

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Leave a Comment

Most from this category