439 Shares 115 Views

၆.၂ လက်မ မျက်နှာပြင်ပါမယ့် Huawei Mate 10

Oct 11, 2017
439 115

Huawei က အောက်တိုဘာလ ၁၆ ရက်နေ့မှာ Mate 10 စမတ်ဖုန်းများကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အခုတော့ တရုတ်မှာ Huawei က Mate 10 ရဲ့ ကြော်ညာပိုစတာကို လွှင့်တင်ထားပါတယ်။ တရုတ်လူမှုကွန်ရက် ၀ီဘိုမှ ပို့စ်များအရ အဲဒီ ဖုန်းမှာ အရွယ်ကြီး 4000mAh Battery တပ်ဆင်ထားမယ်လို့ သိရပါတယ်။ အဲဒီ ဘက်ထရီ ပမာဏကို Huawei Mate 9 မှာလည်း ထည့်သွင်းပေးထားပါတယ်။

သူ့မှာ ၆.၂ လက်မ 2160×1080 Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံး တပ်ဆင်ထားပြီး 23MP နဲ့ 20MP များဖြစ်ကြပါတယ်။ Huawei Mate 9 မှာ 20MP နဲ့ 12MP Camera များ တပ်ဆင်ထားတဲ့အတွက် Megapixel အရေအတွက်အပိုင်းမှာ Mate 10 ကို ပိုမို တိုးမြှင့်ပေးထားပါတယ်။

Huawei Mate 10 မှာ ဥာဏ်ရည်တု နည်းပညာပါတဲ့ Huawei Kirin 970 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ Huawei က Mate 10 ရဲ့ ဥာဏ်ရည်တု နည်းပညာကြောင့် သူဟာ စမတ်ဖုန်း တစ်လုံးထက်တောင် စွမ်းရည်မြင့်မားတယ်လို့ ပြောခဲ့ဖူးပါတယ်။

ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့သတင်းများအရ Mate 10 မှာ EntireView Display တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ သူ့မှာ Huawei P9/P9 Plus, Huawei Mate 9/Mate 9 Pro , Huawei P10/P10 Plus တို့မှာလို Leica Camera များ တပ်ဆင်ထားပါတယ်။

ref : techradar

You may be interested

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ
Automobiles, NEWS
0 shares0 views

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ

Ko Thuya - May 23, 2018

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပြီးနောက်မှာ အဲဒီကားများကို စားသုံးသူများက ယုံကြည်မှု ကျဆင်းလာနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ အမေရိကန် လူမျိုးများရဲ့ ၇၃ ရာခိုင်နှုန်းက အဲဒီကားများကို စီးဖို့ ကြောက်နေကြတယ်လို့ ဖြေဆိုကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ AAA…

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ
Android, HUBS, Mobiles & Tablets
375 shares77 views

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ

Ko Thuya - May 23, 2018

ရှောင်မီက ယခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းရဲ့ အမည်ကို Mi 7 လို့ မပေးဘဲ ကုမ္ပဏီ တည်ထောင်တာ ၈ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Mi 8 လို့ အမည်ပေးထားမယ်ဆိုတဲ့ သတင်းများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့…

အနောက်ကင်မရာ နှစ်လုံးပါတဲ့ Galaxy J8 ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
484 shares141 views

အနောက်ကင်မရာ နှစ်လုံးပါတဲ့ Galaxy J8 ကို ကြေညာပြီ

Ko Thuya - May 22, 2018

ဆမ်ဆောင်းက အိန္ဒိယမှာ စမတ်ဖုန်း အသစ်များကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီအထဲမှာ Galaxy J8 ပါဝင်ပါတယ်။ J Series များဟာ တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ ယှဉ်ပြိုင်မယ့် ဆမ်ဆောင်းရဲ့ စမတ်ဖုန်းများ ဖြစ်ကြပါတယ်။ အနောက် ကင်မရာ နှစ်လုံးပါတဲ့ တန်ဖိုးနည်း…

Leave a Comment

Most from this category