128 Shares 42 Views

Apple မှ ရွေးချယ်စရာ iTunes update အသစ်နဲအတူ App Store ကိုပြန်လည်ထည့်သွင်းလာ

Oct 11, 2017
128 42

Apple အနေနဲ့ပြီးခဲ့တဲ့လကဖယ်ရှားခဲ့တဲ့ App Store၊ ဖုန်းမြည်သံနှင့်အခြား Features တွေပါဝင်သော iTunes ကိုသုံးစွဲသူတွေအဆင်ပြေစေဖို့ ရွေးချယ်စရာဗားရှင်းတစ်ခုအနေနဲ့ ဖြန့်ချိပေးလိုက်ပါတယ်။သုံးစွဲသူတွေအနေနဲ့ Mac နဲ့ PC အတွက် iTunes ဗားရှင်း 12.6.3 ကိုဒေါင်းလုဒ်လုပ်ပြီး အင်စတော လုပ်နိင်သလို၊ အသင့်ရှိပြီးသား iTunes ကိုဗားရှင်း 12.7 ကနေအဆင့်မြှင့်လိုက်မယ်ဆိုရင်လည်း အဆင်ပြေစေမှာဖြစ်ပြီးTunes Library ကိုတော့ ပြန်လည်တည်ဆောက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

Apple အနေနဲ့ iOS 11ကို Public Version ဖြန့်ချိပြီးတဲ့နောက်ပိုင်းမှာ iTunes 12.7 ကိုပိုမို အာရုံစူးစိုက် စေခဲ့ပါတယ်။ ၎င်းအနေနဲ့ဂီတ၊ ရုပ်ရှင်၊ တီဗီရှိုး၊ Podcasts နှင့် Audiobooks တွေကိုသာ Access ပြုလုပ်ခွင့်ပေးခဲ့ပါတယ်။ သို့ပေမယ့် အစောပိုင်းက တပါတည်းထည့်သွင်းပေးထားတဲ့ App Store နဲ့ Ringtone တို့ဟာဖယ်ရှားခံခဲ့ရပါတယ်။

Apple ရဲ့တချို့သုံးစွဲသူတွေအတွက်တော့ ဒါဟာမကောင်းတဲ့ပြောင်းရွေ့ မှုလို့သဘောပေါက်ကြပုံပေါ်ပါတယ်။ အသစ်ထွက်လာတဲ့ iTunes 12.6.3 Version ဟာ iPhone 8, iPhone 8 Plus, iPhone X နဲ့ iOS 11 ကိုပါ Support ပြုလုပ်မှာဖြစ်တဲ့အတွက် လက်ရှိထွက်ပြီးသမျှ iDevices တွေအကုန်လုံးမှာ အသုံးပြုလို့ရမှာပါ။

“Apple အနေနဲ့ စီးပွားရေးလုပ်ငန်းလုပ်ငန်းနယ်ပယ်တွေအတွက် အဆင်ပြေအောင် လို့ ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့်အချို့သောစီးပွားရေးလုပ်ဖော်ကိုင်ဖက်များအတွက် Apps များတပ်ဆင်ရန် iTunes ကိုသုံးစွဲဖို့လိုအပ်ပါလိမ့်မယ်။ သုံးစွဲသူတွေအနေနဲ့ ဒီ Version ကို Install လုပ်ပြီးနောက်မှာ iTunes ရဲ့အသစ်ထွက်ဗားရှင်းတွေကို ဒေါင်းလုဒ်လုပ်ရန်သတိပေးခံရမည်မဟုတ်ပါဘူး။” လို့ Apple က ပြောပါတယ်။ iTunes Version 12.6.3 ကို အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ Link တွေကနေ Download ရယူနိုင်မှာဖြစ်ပါတယ်။

Ref: cultofmac

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
118 shares40 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Leave a Comment

Most from this category