659 Shares 161 Views

iPhone Fans များက တန်ဖိုးအကြီးဆုံး iPhone X Model ကို ၀ယ်မယ်လို့ စစ်တမ်းက ဖော်ပြ

Oct 10, 2017
659 161

iPhone X ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၉၉၉ ဒေါ်လာဖြစ်တဲ့အတွက် အလွန် ဈေးကြီးတယ်ဆိုတဲ့ စကားများထွက်ပေါ်လာခဲ့ဖူးပါတယ်။ ဒါပေမယ့် မကြာခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ပါဝင်ဖြေဆိုခဲ့တဲ့ လူများရဲ့ ထက်ဝက်ကျော်ဟာ iPhone X ရဲ့ ၁၁၄၉ ဒေါ်လာတန် တန်ဖိုးအကြီးဆုံး မော်ဒယ်ကို ၀ယ်ယူချင်နေကြတယ်လို့ သိရပါတယ်။ ဒီစစ်တမ်းကို ကောက်ယူခဲ့တာက RBC Capital Markets ဖြစ်ပါတယ်။

64GB Model ဟာ ၉၉၉ ဒေါ်လာနဲ့ 256GB Model ဟာ ၁၁၄၉ ဒေါ်လာ တန်ကြေးရှိပါတယ်။ ဒါဟာ စားသုံးသူများက စမတ်ဖုန်းတစ်လုံးအတွက် အများဆုံးပေးတဲ့ ဈေးနှုန်းလို့တောင် ပြောကြပါတယ်။ “ Apple ဟာ iPhone အသစ်များအတွက် အနည်းဆုံး Storage ကို တိုးမြှင့်ခဲ့ပေမယ့်လည်း လူတွေက ပိုမိုမြင့်မားတဲ့ Storage ကိုသာ ၀ယ်ယူချင်နေကြပါတယ်။ iPhone X နဲ့ ပတ်သက်ပြီးစစ်တမ်းကောက်ယူရာမှာ ၅၇ ရာခိုင်နှုန်းဟာ 256GB Model ကို အလိုရှိကြပါတယ်။ iPhone 8 အပိုင်းမှာတော့ ၄၅ ရာခိုင်နှုန်းက 256GB Model ကို လိုချင်ကြပါတယ်။ “ လို့ RBC ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Amit Daryanani က ရေးသားထားပါတယ်။

iPhone X ဟာ iPhone 8 Models များထက်လည်း လူကြိုက်များနေပြီး iPhone Fans များရဲ့ ၄၃ ရာခိုင်နှုန်းဟာ iPhone 8 Models ၂ မျိုးထက် iPhone X ကို ၀ယ်ချင်နေကြတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ စစ်တမ်းအရ iPhone X ကို ၀ယ်ယူချင်ကြတဲ့ လူများရဲ့ ၄၆ ရာခိုင်နှုန်းဟာ ကြိုးမဲ့အားသွင်းစနစ်၊ ၂၄ ရာခိုင်နှုန်းဟာ မျက်နှာအာရုံခံစနစ်၊ ၁၄ ရာခိုင်နှုန်းဟာ လှပတဲ့ ဒီဇိုင်း၊ ၉ ရာခိုင်နှုန်းဟာ AR/VR စွမ်းရည်နဲ့ ၇ ရာခိုင်နှုန်းဟာ အခြား ဖန်ရှင်များကို နှစ်သက်ကြတယ်လို့ သိရပါတယ်။

ref : businessinsider

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
935 shares318 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Leave a Comment

Most from this category