205 Shares 78 Views

Mobile Handset များတွင်အသုံးပြုသော Battery အမျိုးအစားများ

Oct 10, 2017
205 78

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာအတော်ကြီးကိုသက်တမ်းတာရှည်ခံခဲ့ပါပြီ။အချို့စမတ်ဖုန်းတွေမှာပါတဲ့ဘက်ထရီဆိုရင်အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။Gionee ,Asus Zenfone တို့ဆိုရင်အခြားဖုန်းတစ်လုံးကိုအားပြန်လည်သွင်း ပေးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ အတူဘက်ထရီသက်တမ်းကလည်းအင်မတန်တာရှည်ခံပါတယ်။ Mobile Handset တစ်လုံးကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် Battery သည်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ သို့ရာတွင် Mobile Handset များတွင်အသုံးပြုသော Battery များသည် Handset ၏ Model အလိုက်ကွဲပြားခြားနား မှုရှိပြီးမိမိကိုင်ဆောင်အ သုံးပြုနေသော Mobile Handset နှင့်မကိုက်ညီသော Battery အမျိုးအစားအားဝယ်ယူ အသုံးပြုမိ၍လည်းကောင်း ၊Battery အသုံးပြုနည်းစနစ်မ မှန်ကန်မှုကြောင့်လည်းကောင်း၊ Mobile Handset အတွင်းပိုင်း Circuit များထိခိုက်တတ်ပြီးမလိုလားအပ်သောပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့်မိုဘိုင်းဟန်းဆက်တွေမှာသုံးတဲ့ဘက်ထရီအမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) NiCd (Nickel Cadmium)

Mobile Handset အနိမ့်များတွင်အသုံးပြုထားသော Battery အမျိုးအစားဖြစ်ပြီးယနေ့အချိန်တွင် တွေ့ရှိရန်ခက်ခဲသွားပါပြီ။ဒါပေမယ့် Corlless Phones တွေနဲ့ Old Generation Mobile Handset များတွင်အသုံးပြုနေတာကို တွေ့နိုင်ပါသေးတယ်။


(2) NiMH (Nickel Metal Hydride)

NiMH အမျိုးအစား NiCd ပြီး နောက်ထွက်ခဲ့သော Battery အမျိုးအစားဖြစ်ပါတယ်။ NiCd ထက်စွမ်းဆောင်မှုအားဖြင့်ပိုမိုမြင့်မားသော Battery အမျိုးအစားဖြစ်ပါသည်။NiCd နဲ့ MIHM Battery မျိုးအစားနှစ်ခုစလုံးရဲ့အားနည်းချက်ဟာ Memory Effect တည်ရှိနေခြင်းပါပဲ။ Memory Effect ဆိုတာဟာ Battery ကိုအသုံးပြုတဲ့အချိန်မှာ Battery အားအကုန်သုံးပြီးမှ ပြန်လည်အားသွင်းရမည်ဖြစ်ပြီးအားပြန်သွင်းရာ တွင်လည်း ၁၀၀% ပြည့်အောင်သွင်းယူရမည်ဖြစ်ပါတယ်။တကယ်လို့ Battery ရဲ့အားအကုန်မသုံးတဲ့ ၆၀% လောက်သုံးစွဲပြီးအားပြန်လည်သွင်းယူမည်ဆိုပါကထိုကဲ့သို့ (၂)ကြိမ်၊ (၃)ကြိမ်လောက် ပြုလုပ်မိပါက Battery ၏အား ၁၀၀% အပြည့်သုံးစွဲခွင့်မပြုတော့ဘဲ ၆၀% လောက်သုံးစွဲပြီးသည်နှင့် ကျန်သော ၄၀% အားသုံးစွဲခွင့်မပြုတော့ဘဲ Battery Low ဟူ၍ ပြသနေမည်ဖြစ်တယ်။ဒါကြောင့် Battery ရဲ့ Performance ကိုအပြည့်အ၀သုံးစွဲနိုင်ရန် Battery ၏အားကိုအကုန်သုံးစွဲပြီးမှအားပြန်လည်သွင်းယူရမယ်လို့လမ်းညွှန်ထားပါတယ်။

(3) Li-Ion (Lithium-Ion)

ယနေ့ခေတ် Mobile Handset Model တိုင်းလိုလိုတွင်အသုံးပြုနေသော Battery အမျိုးအစားတစ်ခုဖြစ်ပြီး NiCd နှင့် NiMH Battery အမျိုးအစားများနေရာတွင်အပြည့်အ၀နေရာယူသွားသော Battery အမျိုးအစားတစ်ခုဖြစ်ပါတယ်။ဒီနည်းပညာကိုသုံးစွဲဖို့အတွက်ပထမအဆိုပြုခဲ့သူကတော့အင်္ဂလန်နိုင်ငံသားဘင်ဟမ်တမ်တက္ကသိုလ်မှာဓာတုဗေဒပညာရပ်ကိုသင်ကြားနေတဲ့ ဒေါက်တာဝှိုက်တင်ဂမ်ပဲဖြစ်ပါတယ်။ တဖြည်းဖြည်းအဆင့်မြှင့်တင်လာရင်းနဲ့ လတ်တလောစမတ်ဖုန်းတွေမှာအပြည့်အ၀သုံးစွဲနိုင်တဲ့အဆင့်ကိုရောက်ခဲ့ပါပြီ။ Li-Ion Battery ၏အဓိကအားသာချက်ကတော့ NiMH နှင့် NiCd အမျိုးအစား Battery များထက်ပိုမိုပေါ့ပါးပြီးပါးလွှာခြင်း၊Standby Time နှင့် Talking Time ပိုမိုရှည်ကြာခြင်း၊Memory Effect မရှိခြင်းတို့ပဲဖြစ်ပါတယ်။

ref : HowStuffWork

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category