311 Shares 53 Views

သင့်ဖုန်းရဲ့ Camera Flash ကို အဆင့်မြှင့်ပေးမယ့် Accessory

Oct 10, 2017
311 53

သင့် စမတ်ဖုန်းမှာပါတဲ့ LED Flash များဟာ စွမ်းရည်နိမ့်ပါးကြတဲ့အတွက် အလင်းရောင်နည်းပါးတဲ့ နေရာများမှာ လှပတဲ့ ဓါတ်ပုံကောင်းများကို မဖန်တီးပေးနိုင်ပါဘူး။ အခုတော့ အဲဒီပြဿနာကို iBlazr 2 အမည်ရ စမတ်ဖုန်း Accessory က ဖြေရှင်းပေးနိုင်ပါပြီ။

သူ့ကို ဖုန်းအရွယ်အစားမျိုးစုံ၊ ဖုန်းဘရန်း မျိုးစုံမှာ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ သူက Bluetooth ဆက်သွယ်မှုကနေတစ်ဆင့် iOS နဲ့ Android တို့ရဲ့ Camera Apps များနဲ့ တွဲဖက် အလုပ်လုပ်နိုင်ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းမှာ သူ့ကို တပ်ဆင်ပြီး ဓါတ်ပုံ မရိုက်ခင်မှာ သူ့ကို နှစ်ချက်နှိပ်လိုက်တာနဲ့ အိုကေပါပြီ။ သူ့ကို တစ်နည်းအားဖြင့် Shutter Button လို အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။

သူ့မှာ Touch Sensor ပါပြီး အလင်းရောင်ကို ချိန်ညှိနိုင်တဲ့အတွက် သဘာဝ အလင်းရောင် အခြေအနေအမျိုးမျိုးအတွက် ပြည့်စုံတဲ့ ဓါတ်ပုံကောင်းများကို ရိုက်ကူးပေးနိုင်ပါတယ်။ ဓါတ်ပုံများသာမက ဗီဒီယိုများ ရိုက်ကူးတဲ့ အခါမှာလည်း သူ့ရဲ့ မီးအလင်းရောင်ကို အသုံးပြုနိုင်ပါတယ်။ စမတ်ဖုန်းများ သာမက တက်ဘလက်များနဲ့လည်း သူ့ကို တွဲဖက် အသုံးပြုနိုင်ပါတယ်။

သူနဲ့ တွဲဖက် အသုံးပြုဖို့ Smartphone App ကိုလည်း ဖန်တီးပေးထားပြီး iBlazrs များစွာကို Sync ပြုလုပ်ခြင်း၊ တစ်ခုချင်းစီရဲ့ Settings များကို ချိန်ညှိခြင်းများကို ပြုလုပ်နိုင်ပါတယ်။ အများဆုံးအနေဖြင့် iBlazrs ၁၀ ခုအထိ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ iBlazr 2 ကို ၅၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး အမေဇုန်ကနေ ရောင်းချပေးနေပါတယ်။

ref : mashable

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category