774 Shares 347 Views

Apple iPhone X အစား Google Pixel 2 XL ကို ၀ယ်ယူသင့်တဲ့ အချက် (၆) ချက်

Oct 10, 2017
774 347

ယခုနှစ်နှောင်းပိုင်းမှာပဲ Apple က iPhone X နဲ့ Google က Pixel 2 XL စမတ်ဖုန်းများကို အပြိုင် အဆိုင် မိတ်ဆက်ခဲ့ကြပါတယ်။ အဲဒီ စမတ်ဖုန်း နှစ်လုံးဟာ စွမ်းရည်ချင်း မတိမ်းမယိမ်းရှိကြပြီး Full Screen Design များဖြစ်ကြပါတယ်။ သူတို့ကိုယ်စီမှာ အားသာချက်၊ အားနည်းချက်များရှိပြီး ဒီဆောင်းပါးမှာတော့ Apple iPhone X အစား Google Pixel 2 XL ကို ၀ယ်ယူသင့်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဈေးနှုန်း

Pixel 2 XL ဟာ ၈၄၉ ဒေါ်လာ ဖြစ်ပြီး iPhone X ဟာ ၉၉၉ ဒေါ်လာ ဖြစ်တဲ့အတွက် Pixel 2 XL ဟာ iPhone X ထက် ၁၅၀ ဒေါ်လာ သက်သာနေပါတယ်။

၂။ VR ထောက်ပံ့မှု

Apple ဟာ Virtual Reality ထောက်ပံ့မှုအပိုင်းမှာ Android များထက် နှစ်များစွာနောက်ကျနေပါတယ်။ Pixel 2 XL ဟာ အနာဂတ် VR နည်းပညာများနဲ့တောင် တွဲဖက် အသုံးပြုနိုင်ပါတယ်။ Google က Pixel ဖုန်းအသစ်များအတွက် ဒီဇိုင်းဆန်းသစ်ထားတဲ့ Daydream View VR Headset အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ VR Content များဟာ HTC Vive , Oculus Rift တို့လို တန်ဖိုးကြီး Headset များမှာ ပိုမို ကောင်းမွန်ပေမယ့် Daydream View ကတော့ တန်ဖိုးသက်သာစွာဖြင့် VR အရသာကို ခံစားနိုင်မှာပါ။

၃။ Fingerprint Scanner

Fingerprint Scanner ဟာ ဖုန်းကို Unlock လုပ်ခြင်း၊ ငွေပေးချေခြင်းများလို အလုပ်များကို ဖုန်းမှာ ပြုလုပ်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ iPhone X မှာတော့ Home Button ကို ဖယ်ရှားလိုက်တဲ့အတွက် လက်ဗွေရာ အာရုံခံ ကိရိယာလည်း မပါတော့ပါဘူး။ Apple က အဲဒီအစား FaceID ခေါ် မျက်နှာအာရုံခံ စနစ်ကို ထည့်ပေးထားပါတယ်။ Apple FaceID ဟာ ကောင်းမွန်ပေမယ့် Fingerprint Scanner ကို ပိုမိုနှစ်သက်သူများအတွက် Google က Pixel 2 XL ရဲ့ အနောက်ဘက်မှာ ထည့်ပေးထားပါတယ်။

၎။ အရှေ့ စပီကာများ

စမတ်ဖုန်းများမှာ ရုပ်ရှင်၊ ဗီဒီယိုများ ကြည့်ရှုခြင်း၊ သီချင်းများ နားထောင်ခြင်းများကို များစွာ ပြုလုပ်လာတဲ့အတွက် အရှေ့ဘက်ကို မျက်နှာမူထားတဲ့ စပီကာများပါတဲ့ စမတ်ဖုန်းများက အဲဒီအပိုင်းမှာ အသံအရည်အသွေး ပိုမို ကောင်းမွန်စေပါတယ်။ Google က ဒီအကြောင်းကို သိတဲ့အတွက် Pixel 2 XL မှာ အရှေ့ဘက်ကို မျက်နှာမူထားတဲ့ စပီကာကို တပ်ဆင်ထားပါတယ်။ ဒါဟာလည်း Pixel 2 XL ဟာ iPhone X ထက် အားသာချက် ဖြစ်ပါတယ်။

၅။ Google Lens

Pixel 2 XL မှာ ဥာဏ်ရည်တု နည်းပညာပါတဲ့ Google Lens ကို ထည့်သွင်းပေးထားပါတယ်။ Google Lens က ဖုန်းကင်မရာကနေ ချိန်ရွယ်လိုက်တဲ့ အရာဝတ္ထုများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး သူ့ရဲ့ သတင်းအချက်အလက်များကို ပြသပေးနိုင်ပါတယ်။ ဥပမာအားဖြင့် ခွေးတစ်ကောင်ကို ဓါတ်ပုံ ရိုက်လိုက်ရင် ခွေးအမျိုးအစားကို သူက ပြောပြမှာပါ။ အဆောက်အဦး၊ အစားအစာ၊ ဖျော်ရည်များ အပါအ၀င် အရာဝတ္ထု အားလုံးနီးပါးကို သူက သိရှိပါတယ်။ ဒီလို နည်းပညာမျိုး iPhone X မှာ မပါပါဘူး။

၆။ Pixel Buds

Google က Pixel 2 XL အတွက် Pixel Buds ကြိုးမဲ့နားကြပ်ကို ဖန်တီးပေးထားပါတယ်။ သူ့ကို ဖုန်းနဲ့ ချိတ်ဆက်ထားရင် ဘာသာခြားတစ်ဦးက သင့်ကို စကားလာပြောရင် နားကြပ်က သင့် မိခင် ဘာသာစကားကို အချိန်နဲ့တစ်ပြေးညီ ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။

ref : forbes

You may be interested

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း
FEATURES, HUBS, Vivo
0 shares16 views

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း

Creepy Tyler - Oct 15, 2018

(Zawgyi) ၂၀၁၈ ခုနှစ်ဟာ စခရင်အပြည့်ဖုန်းတွေရဲ့ နှစ်ဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ စမတ်ဖုန်းတွေမှာ ဘောင်တွေ တဖြည်းဖြည်းပျောက်လာပြီး၊ အသုံးပြုသူတွေအတွက် ပိုမိုထဲထဲဝင်ဝင် ခံစားနိုင်တဲ့ Immersive Experiences ကို ပေးစွမ်းလာနိုင်ကြပါတယ်။ ဒါပေမယ့် စခရင်အပြည့်နဲ့ Immersive အရသာကို ပေးစွမ်းနိုင်ဖို့အတွက် ပြန်ရင်းနှီးပေးလိုက်ရတာ…

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း
Apple, FEATURES, HOW TO
0 shares25 views

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း

Ko Thuya - Oct 15, 2018

iOS 12 မှာ Apple Face ID အတွက် လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အဲဒီအထဲက တစ်ခုမှာ သင့် မိသားစုဝင်၊ သူငယ်ချင်းလို အခြား လူတစ်ဦးရဲ့ မျက်နှာကို သင့်ဖုန်းရဲ့ Face ID မှာ ထည့်သွင်းနိုင်တာ…

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်
Android, HTC, HUBS
0 shares27 views

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်

Ko Thuya - Oct 15, 2018

HTC က Blockchain Smartphone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတာ လအနည်းငယ် ရှိနေပါပြီ။ မကြာခင်ကလည်း အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို ကုမ္ပဏီက ပြောခဲ့ဖူးပါတယ်။ သူ့ရဲ့ အမည်က HTC Exodus ဖြစ်ပါတယ်။ အခုတော့…

Leave a Comment

Most from this category