340 Shares 56 Views

Samsung က သိန်း ၂၀ ကျော်တန် မျက်နှာပြင်ကျယ် မော်နီတာကို ရောင်းပြီ

Oct 10, 2017
340 56

Samsung က မျက်နှာပြင် အလွန် ကျယ်တဲ့ CHG90 QLED Gaming Monitor ကို ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာပြင် အချိုးဟာ 32:9 ရှိပြီး သမားရိုးကျ 16:9 ထက် မျက်နှာပြင် အကျယ်ဟာ ၂ ဆ ကြီးမားပါတယ်။ ကျယ်ဝန်းတဲ့ မျက်နှာပြင်ဖြင့် ဂိမ်းကစားချင်သူများအတွက် အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ သာမာန် မော်နီတာ နှစ်ခုကို ဆက်ပြီး ကစားရတဲ့ ပုံမျိုး ဖြစ်ပါတယ်။

သာမာန် မော်နီတာများမှာ မမြင်ရတဲ့ ထောင့်စွန်းမှ ရန်သူများကို မြင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်းအားလုံးကတော့ အဲဒီမော်နီတာရဲ့ စကရင် အပြည့်ကို ပြသပေးနိုင်မှာ မဟုတ်ပါဘူး။ ဂိမ်းအနည်းငယ်ကသာ အဲဒီမော်နီတာရဲ့ စကရင် အပြည့်ကို ပြသပေးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီမော်နီတာရဲ့ ကောင်းတဲ့ အချက်တစ်ခုက ကွန်ပြူတာ နှစ်လုံးဖြင့် တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပြီး မော်နီတာရဲ့ စကရင် တစ်ဝက်စီမှာ ကွန်ပြူတာ တစ်လုံးစီကို အသုံးပြုနိုင်ပါတယ်။ စကရင် တစ်ဝက်မှာ ဂိမ်းကစားရင်း အခြား စကရင်တစ်ဝက်မှာ YouTube Video များကို ဖွင့်ထားနိုင်ပါတယ်။ သူ့ရဲ့ အားသာချက်နောက်တစ်ခုက Apps များစွာကို တစ်ပြိုင်နက် ဖွင့်ထားနိုင်ခြင်း ဖြစ်ပြီး Multitasking အတွက် အလွန် အသုံးဝင်ပါတယ်။

မျက်နှာပြင်ကျယ်သလို သူ့ရဲ့ ဈေးနှုန်းကလည်း မသေးဘဲ ၁၅၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ငွေကြေးချွေတာချင်သူများအတွက် ဒေါ်လာ ၂၀၀ တန် မော်နီတာ နှစ်လုံးကို အသုံးပြုနိုင်ပါတယ်။ ငွေကြေးတတ်နိုင်သူများအတွက်တော့ ယခုမော်နီတာဟာ အလွန် ကောင်းမွန်ပါတယ်။

ref : busisnessinsider

You may be interested

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ
Xiaomi
353 shares34 views

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ

Tha Ra - Jul 16, 2018

[Zawgyi] Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ ၃ရက်သာ လိုပါတော့တယ်။ Mi Max 2 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ…

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု
FEATURES, Mobile & Tablets
357 shares62 views

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု

Ko Thuya - Jul 16, 2018

OnePlus 6 ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းပါ။ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာလည်း အံ့မခန်းပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်များလည်း ပါရှိပါတယ်။ ဈေးနှုန်း ၂၀၁၄ ခုနှစ် ဇွန်လမှာ OnePlus One ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။…

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ
Apple, NEWS
107 shares43 views

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ

Nwe Oo - Jul 16, 2018

[Zawgyi] Apple MacBook Pro အသစ်ရဲ့ကီးဘုတ်တွေကတော့ အရင်တုန်းက လပ်တော့ပ်တွေလောက် အသံသိပ်မမြည်တော့ပါဘူး။ အရင်တစ်လတုန်က ကီးဘုတ်ပြင်ဆင်တဲ့အစီအစဉ်ကြောင့် ကီးဘုတ်ပြဿနာတွေဖြေရှင်းနိုင်ခဲ့လို့အဆင်ပြေပေမယ့် အရမ်းကြီးပြောင်းလဲမသွားတဲ့ ကီးဘုတ်ဒီဇိုင်းကြောင့် ထပ်ပြီးဖုန်ဝင်ပြဿနာတွေဖြစ်ဦးမလား တော်တော်များများစိတ်ပူနေကြပါတယ်။ ဒါတွေသိရအောင် iFixit ကနေ ကီးဘုတ်ရဲ့ ကီးတွေကိုလှန်စစ်ဆေးကြည့်တဲ့အခါမှာ ဒီတစ်ခေါက် MacBook Pro…

Leave a Comment

Most from this category