666 Shares 288 Views

၆ လက်မ Full Screen Display ပါမယ့် OnePlus 5T

Oct 10, 2017
666 288

OnePlus က နိုဝင်ဘာလမှာ 5T စမတ်ဖုန်းကို မိတ်ဆက်မယ့် သတင်းထွက်ပေါ်လာပါတယ်။ GizmoChina ကနေ အဲဒီသတင်းထွက်ပေါ်လာခြင်း ဖြစ်ပြီး OnePlus 3T လိုပဲ OnePlus 5 ကို မိတ်ဆက်အပြီး ၅ လအ ကြာမှာ OnePlus 5T ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ OnePlus 3T မှာတုန်းက OnePlus 3 ရဲ့ Snapdragon 820 ကို အနည်းငယ်ပိုမို မြန်တဲ့ Snapdragon 821 ဖြင့် အဆင့်မြှင့်ထားပါတယ်။ ဒါပေမယ့် 5T မှာတော့ OnePlus 5 ထက် ပိုမိုတိုးတက်လာမှုများ ရှိမယ်လို့ သတင်းက ဆိုပါတယ်။

OnePlus 5T မှာ OnePlus 5 ရဲ့ ၅.၅ လက်မ Full HD Display ကို မသုံးတော့ဘဲ မျက်နှာပြင်အချိုး 18:9 ပါတဲ့ ၆ လက်မ Full HD Display ကို တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ LG V30 , Google Pixel 2 XL တို့လို မျက်နှာပြင်ဒီဇိုင်းများ ဖြစ်ပါတယ်။

OnePlus 5T ရဲ့ ဓါတ်ပုံဟာလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ မျက်နှာပြင်ဘေးဘောင်များဟာ အလွန် ပါးလွှာတာကို တွေ့ရပါတယ်။ မျက်နှာပြင်ရဲ့ ဘေးဘက်များဟာ Samsung Galaxy S8 လို ကွေးနေတယ်လို့ ထင်ရပါတယ်။

8GB RAM ပါတဲ့ OnePlus 5 ရဲ့ Slate Grey မော်ဒယ်ဟာ ဗြိတိန် အပါအ၀င် နိုင်ငံများစွာမှာ ပစ္စည်းပြတ်နေပြီဖြစ်တဲ့အတွက် OnePlus 5T ကို ကုမ္ပဏီက လျှင်မြန်စွာ ရောင်းချပေးမယ်လို့ သိရပါတယ်။

ref : gadgets.ndtv

You may be interested

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
117 shares19 views

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ

Ko Thuya - Dec 12, 2018

Vivo က NEX Dual Display Edition ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က အရှေ့နဲ့ အနောက်မှာ မျက်နှာပြင်တစ်ခုစီ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှ မျက်နှာပြင်ဟာ ဘောင်ပျောက် ဒီဇိုင်းဖြစ်ပြီး ၆.၃၉ လက်မ ဖြစ်ပါတယ်။ သူဟာ Super…

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
135 shares34 views

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ

Ko Thuya - Dec 11, 2018

လွန်ခဲ့တဲ့ ၂ ပတ်လောက်က Vivo V11 ရဲ့ အနီရောင်မော်ဒယ်ကို ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Supernova Red ကို Amazon India မှာ ရောင်းချပေးလိုက်ပါတယ်။ တရုတ်မှာတော့ Vivo V11 Pro အမည်ဖြင့် ရောင်းချတာ…

အသုံးပြုသူ ၅၂.၅ သန်းရဲ့ ဒေတာတွေ ထပ်မံပေါက်ကြားခဲ့တာကြောင့် Google+ ကို စောစီးစွာ ပိတ်သိမ်းမည်
Google, NEWS
250 shares70 views

အသုံးပြုသူ ၅၂.၅ သန်းရဲ့ ဒေတာတွေ ထပ်မံပေါက်ကြားခဲ့တာကြောင့် Google+ ကို စောစီးစွာ ပိတ်သိမ်းမည်

Nigma - Dec 11, 2018

(Zawgyi) ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Google+ ဟာ Security Bug တခုကြောင့် အသုံးပြုသူ သန်းတဝက်ရဲ့ ဒေတာတွေ ပေါက်ကြားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ပြီးနောက် Google+ Consumer Version ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း ပိတ်သိမ်းတော့မှာ ဖြစ်ကြောင်း…

Leave a Comment

Most from this category