1034 Shares 211 Views

iPhone များဟာ အိုဟောင်းသွားတာတောင် နှေးကွေးခြင်း မရှိဘူးလို့ စစ်တမ်းက ဖော်ပြ

Oct 10, 2017
1034 211

iPhone အပါအ၀င် ဖုန်းများအားလုံးဟာ အိုဟောင်းလာရင်တော့ နှေးကွေးလာကြမယ်လို့ လူတိုင်း ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် iPhone များကတော့ အိုဟောင်းလာရင်တောင် မနှေးကွေးဘူးလို့ Futuremark ရဲ့ သုတေသန စစ်တမ်းတစ်ခုက ပြသနေပါတယ်။

ဖုန်းများရဲ့ စွမ်းဆောင်ရည်ကို လေ့လာတဲ့ ပညာရှင်များက နှစ်များစွာကြာ စမ်းသပ်မှုများကနေ ယခု ရလဒ်ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူတို့က iPhone 5S မှာ iOS 9, iOS 10 , iOS 11 များကို ထွက်ရှိချိန်မှာ ထည့်သွင်း၍ စမ်းသပ်ခဲ့ကြပါတယ်။ ဒါ့အပြင် iPhone အသစ်များကိုလည်း ကာလတိုအတွင်းမှာ အချိန်များခွဲခြား၍ စမ်းသပ်ခဲ့ကြပါတယ်။

ဒီလို စမ်းသပ်ရာမှာ iPhone 5S ရဲ့ GPU စွမ်းရည်ဟာ ၁၈ လကြာသွားတာတောင် သိသိသာသာ ကျဆင်းသွားခြင်း မရှိပါဘူး။ CPU စွမ်းရည်ဟာ အနည်းငယ် ကျဆင်းသွားပေမယ့် မသိသာလှပါဘူး။ Futuremark က “ Apple က iOS Device အဟောင်းများရဲ့ စွမ်းဆောင်ရည်ကို iOS Versions အားလုံးမှာ မကျဆင်းအောင် ပုံမှန် ဆော့ဖ်ဝဲ Update များကို ဖန်တီးနေခြင်းက အလွန် ကောင်းမွန်ပါတယ်။ “ လို့ ပြောပါတယ်။

ဒါပေမယ့် Apple က သူတို့ Device အဟောင်းများမှာ iOS Version အသစ်ကို ထည့်သွင်းတဲ့အခါမှာ Apps အချို့ဟာ ချောမွတ်စွာ အလုပ်မလုပ်တဲ့ ပြဿနာတော့ ရှိနေတယ်လို့ ၀န်ခံထားပါတယ်။

ref : techradar

You may be interested

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ
Xiaomi
353 shares34 views

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ

Tha Ra - Jul 16, 2018

[Zawgyi] Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ ၃ရက်သာ လိုပါတော့တယ်။ Mi Max 2 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ…

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု
FEATURES, Mobile & Tablets
357 shares62 views

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု

Ko Thuya - Jul 16, 2018

OnePlus 6 ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းပါ။ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာလည်း အံ့မခန်းပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်များလည်း ပါရှိပါတယ်။ ဈေးနှုန်း ၂၀၁၄ ခုနှစ် ဇွန်လမှာ OnePlus One ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။…

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ
Apple, NEWS
107 shares43 views

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ

Nwe Oo - Jul 16, 2018

[Zawgyi] Apple MacBook Pro အသစ်ရဲ့ကီးဘုတ်တွေကတော့ အရင်တုန်းက လပ်တော့ပ်တွေလောက် အသံသိပ်မမြည်တော့ပါဘူး။ အရင်တစ်လတုန်က ကီးဘုတ်ပြင်ဆင်တဲ့အစီအစဉ်ကြောင့် ကီးဘုတ်ပြဿနာတွေဖြေရှင်းနိုင်ခဲ့လို့အဆင်ပြေပေမယ့် အရမ်းကြီးပြောင်းလဲမသွားတဲ့ ကီးဘုတ်ဒီဇိုင်းကြောင့် ထပ်ပြီးဖုန်ဝင်ပြဿနာတွေဖြစ်ဦးမလား တော်တော်များများစိတ်ပူနေကြပါတယ်။ ဒါတွေသိရအောင် iFixit ကနေ ကီးဘုတ်ရဲ့ ကီးတွေကိုလှန်စစ်ဆေးကြည့်တဲ့အခါမှာ ဒီတစ်ခေါက် MacBook Pro…

Leave a Comment

Most from this category