160 Shares 42 Views

လာမယ့်နှစ်ထုတ် iPad များမှာ Face ID ပါမည်

Oct 10, 2017
160 42

Apple ရဲ့ မျက်နှာကို ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာကို လာမယ့်နှစ်ထုတ် iPad များမှာ ထည့်သွင်းပေးမယ်လို့ ပညာရှင်များက ဟောကိန်းထုတ်လိုက်ပါတယ်။ Apple က လာမယ့်နှစ်ထုတ် iPad Pro မှာ iPhone X ရဲ့ Face ID ကို ဖန်တီးပေးတဲ့ TrueDepth Camera များ တပ်ဆင်ထားမယ်လို့ သိရပါတယ်။

Apple ရဲ့ ထုတ်ကုန်များနဲ့ ပတ်သက်ပြီး ကြိုတင်ခန့်မှန်းရာမှာ အလွန် မှန်ကန်တဲ့ KGI Securities မှ ပညာရှင် Ming Chi-Kuo က အဲဒီဟောကိန်းများကို ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။ သူက Apple ဟာ ၂၀၁၈ ခုနှစ်မှာ ထုတ်လုပ်မယ့် ထုတ်ကုန်များထဲမှာ မျက်နှာအာရုံခံတဲ့ TrueDepth Camera စနစ်ကို ထည့်သွင်းထားဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

Kuo က အပို Sensors များကို ထည့်သွင်းဖို့ iPad Pro ရဲ့ ဒီဇိုင်းကို ကုမ္ပဏီက ပြောင်းလဲထားမလားဆိုတာကိုတော့ မပြောကြားပါဘူး။ တက်ဘလက်မှာတော့ အရွယ်အစားကြီးတဲ့အတွက် iPhone X ရဲ့ Notch Design ကို အသုံးပြုစရာ မလိုပါဘူး။

Kuo က အဲဒီနည်းပညာကို စွမ်းဆောင်ရည်မြင့် iPad Pros များအတွက်သာ ထည့်သွင်းပေးမှာ ဖြစ်ပြီး ဈေးသက်သာတဲ့ iPad Air နဲ့ iPad Mini Tablets များမှာ ထည့်သွင်းပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ Kuo က နောက်ထုတ်မယ့် iPhone အားလုံးမှာ TouchID အစား Face ID ကိုသာ ထည့်သွင်းပေးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ref : mashable

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category