596 Shares 116 Views

Mi Mix 2 ကို အိန္ဒိယမှာမိတ်ဆက်ပေးတော့မယ် Xiaomi

Oct 09, 2017
596 116

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ xiaomi အနေနဲ့ဘေးဘောင်မဲ့စမတ်ဖုန်း Mi Mix 2 ကိုမနက်ဖြန်မှာတော့ အိန္ဒိယမှာမိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဆိုပါစမတ်ဖုန်းကို Flipkart မှာသာသီးသန့်ရရှိနိုင်ပါလိမ့်မယ်။ အိန္ဒိယနိုင်ငံရဲ့ e-Commerce အဓိကဆိုက်ဖြစ်တဲ့ Flipkart မှာ Mi Mix 2 နဲ့ပတ်သတ်တဲ့ ဗွီဒီယိုတစ်ခုကို ထုတ်ဖော်Tweet လုပ်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ပြီးခဲ့သည့်လကတရုတ်နိုင်ငံမှာ Mi Mix 2 စတင်မိတ်ဆက်ခဲ့ပြီး ဒါဟာကုမ္ပဏီရဲ့ ပထမဦးဆုံး bezel မပါတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။

အခုထွက်ရှိထားတဲ့ Mi Mix 2 က Mi Mix ထက် စက်စွမ်းဆောင်ရည်ပိုမိုမြင့်မားပြီး Software ပိုင်းကိုလည်း အဆင့် မြှင့်တင် ပေးထားပါသေးတယ်။ မျက်နှာပြင်အကျယ်က 5.99-inch ရှိပြီး IPS LCD capacitive ထိတွေ့မျက်နှာပြင်မှာ display က 1080 x 2160 pixels အရည်အသွေးရှိတဲ့ full HD မြင်ကွင်းတွေကို 18:9 aspect ratio မှာပြသပေးနိုင်ပါတယ်။ Android 7.1 (Nougat) ကို အခြေခံထားတဲ့ MIUI 9 ကို run ထားပါတယ်။ လျင်မြန်တိကျပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ fingerprint sensor က စက္ကန့်ပိုင်းအတွင်းမှာ ဖုန်းကို unlock လုပ်ပေးနိုင်ပါတယ်။

အနောက်ကင်မရာက 12MP resolution ရှိပြီး Optical Image Stabilization စနစ်လည်းပါရှိတဲ့အတွက် အလင်းရောင်အားနည်းတဲ့ နေရာတွေမှာလည်း ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ full HD အရည်အသွေးမြင့်ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ အရှေ့ selfie ကင်မရာကတော့ 5MP သာ ပါရှိပါတယ်။ Data တွေကို သိမ်းဆည်းဖို့ အတွက် Internal memory 128GB ပါရှိပြီး ယာယီမှတ်ဉာဏ်စွမ်းအား အနေနဲ့ RAM 6GB ပါရှိပါတယ်။ Qualcomm MSM8998 Snapdragon 835 chipset နဲ့ Octa-core (4×2.45GHz Kryo & 4×1.9GHz Kryo) processor ကို သုံးထားတဲ့အတွက် အရင်မော်ဒယ်ထက် စက်လုပ်ဆောင်နိုင်စွမ်း တွေ ပိုမိုမြင့်မားလာမှာ ဖြစ်ပါတယ်။ ရုပ်ထွက်ပိုင်းတွေအတွက်လည်း Adreno 540 Graphics Card ကို ထောက်ပံ့ထားပါတယ်။

ဖုန်းအရွယ်အစားက 151.8 x 75.5 x 7.7 mm ရှိပြီး အလေးချိန်က 185g လေးပါတယ်။ GSM, CDMA, HSPA, EVDO နဲ့ LTE networks တွေကို ထောက် ပံ့ထားပြီး Dual Nano SIM စနစ် ပါရှိတဲ့အတွက် Nano SIM card ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။

ref : gadget now

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category