213 Shares 134 Views

စမတ်ဖုန်းနဲ့ကွန်ပျုတာကို အကောင်းဆုံးအသုံးချနိုင်မယ့် နည်းလမ်း ၄ ချက်

Oct 09, 2017
213 134

နည်းပညာတိုးတက်မှုရဲ့နောက်မှာတော့ လူသားတွေဟာသူ့တို့ပတ်ဝန်းကျင်မှာရှိတဲ့ အီလက်ထရောစနစ်ပစည်းတွေကိုမှန်ကန်စွာအသုံးချလာကြပါတယ်။ မိုဘိုင်းဖုန်း၊ပီစီတွေသာမကဘဲသူတို့တွေမှာထည့်သွင်းသုံးစွဲရတဲ့ app,software တွေကသေချာသာသုံးသတ်မယ်ဆိုရင်နေ့စဉ်ဘ၀တဲ့မှန်ကန်တဲ့ရွေးချယ်မှုတွေကို ဖြစ်စေပါလိမ့်မယ်။ အောက်မှာဖော်ပြပေးထားတဲ့လုပ်ငန်းဆောင်တာတွေကတော့ သင့်ဖုန်း၊ပီစီ၊appတွေကိုပေါင်းစပ်အသုံးချနိုင်မယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။

၁။ သင့်ပီစီကိုအရင်အချိန်သို့ Restore လုပ်ခြင်း

သင်ဟာ Driver အသစ်တစ်ခုကိုအင်စတောလုပ်ပြီးပီစီဟာ ပြဿနာများစွာ ဖြစ်ပေါ်တယ်ဆိုပါစို့။ ဒီအချိန်မှာ System Restore က အသုံးဝင်ပါတယ်။ Windows 8.1 မှာ Settings Menu ကိုဖွင့်ဖို့ စကရင်ရဲ့ ညာဘက်အပေါ်ထောင့်ထိပ်သို့ Cursor ကိုရွှေ့ပါ။ Control Panel ကို နှိပ်ပြီး Search Box မှာ Recovery ကိုရိုက်ပါ။ Restore Process ကိုစတင်ဖို့ Open System Restore ကို နှိပ်ပါ။ သင့်ရဲ့ System ဟာအလိုအလျှောက် Restore Points ကိုဖန်တီးမှာပါ။ သင့် ပီစီမှာ ပြဿနာမဖြစ်မီ Restore Point များဖန်တီးထားသင့်ပြီး ပြဿနာဖြစ်ရင် အဲဒီ Restore Point များကိုအသုံးပြုပြီး System Restore ပြုလုပ်ခြင်းဖြင့် ပြဿနာမဖြစ်မီကအခြေအနေကို ပြန်လည် ရရှိနိုင်ပါတယ်။

၂။ ၀င်းဒိုးမှာ God Mode ကိုအသုံးပြုခြင်း

Windows 7 လိုအဟောင်းကိုအသုံးပြုသည်ဖြစ်စေ၊ Windows 10 လိုအသစ်ကိုအသုံးပြုသည်ဖြစ်စေများပြားလှတဲ့ Settings တွေကိုလိုက်ရှာရတာအချိန်ကုန်ပါတယ်။ သီးခြား Program နဲ့ ဖိုဒါများရဲ့ Settings ကိုဖြစ်စေ၊ Control Panel ကို ဖြစ်စေရှောင်လွှဲချင်ရင် Windows Settings အားလုံးကိုအသုံးပြုနိုင်မယ့် God Mode ဖိုဒါကိုဖန်တီးနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ သင်နှစ်သက်တဲ့ နေရာမှာဖိုဒါတစ်ခုတည်ဆောက်ပါ။ ( Desktopမှာတည်ဆောက်ဖို့ အကြံပြုပါတယ်။ ) အဲဒီနောက် GodMode.{ED7BA470-8E54-465E-825C-99712043E01C}လို့ ဖိုဒါကိုအမည်ပြောင်းပါ။ ဖိုဒါကိုဖွင့်လိုက်တာနဲ့ Search Functions တွေသုံးစရာမလို၊ ၀က်ဆိုက်များမှာ အဖြေရှာစရာမလိုဘဲ Settings အားလုံးကိုအသုံးပြုနိုင်ပါတယ်။

၃။Android Apps များကို Lock လုပ်ပါ

စမတ်ဖုန်းများမှာကိုယ်ရေးကိုယ်တာကိစ္စများကိုမှတ်သားကြသလို Google , Facebook အကောင့်များမှာအမြဲတမ်း Signin ၀င်ရောက်ထားကြပါတယ်။ အချို့ကလည်း Dropbox, LinkedIn နဲ့ အခြား ၀န်ဆောင်မှုများကို အသုံးပြုကြပါတယ်။ ဒီလိုအသုံးပြုခြင်းဟာအဆင်ပြေပေမယ့် သင့် စမတ်ဖုန်းရဲ့ Lock Screen ကိုကျော်ဖြတ်နိုင်တဲ့ မည်သူမဆိုသင့်ရဲ့ ဒေတာများကိုတွေ့မြင်နိုင်မှာပါ။

ဒါပေမယ့်လည်းသင့်ရဲ့ ဒေတာများကိုကာကွယ်ထားနိုင်ပြီးသင့်ရဲ့ စမတ်ဖုန်းအသုံးပြုမှုကိုကန့်သတ်ထားနိုင်တဲ့ အဆင်ပြေတဲ့ နည်းလမ်းရှိပါတယ်။ အခမဲ့ AppLock App ဟာ SMS, Contacts, Gmail, Facebook, Gallery, Google Play နဲ့ အခြား Apps တို့ကို Password နဲ့ ကာကွယ်ထားနိုင်ပါတယ်။ AppLockကို Enable လုပ်ထားရင် သင့်ရဲ့ စမတ်ဖုန်းကိုသူငယ်ချင်းများ၊ မိသားစုဝင်များထံ စိတ်ချလက်ချပေးထားနိုင်ပါပြီ။ သူတို့ကသင့်ရဲ့ ဒေတာတွေကိုမတွေ့မြင်နိုင်ပါဘူး။

၎။ သင့်ရဲ့ စမတ်ဖုန်းမှ Data Usage ကိုတိုင်းတာပါ

သင့်ဖုန်းမှာအသုံးပြုတဲ့ ဒေတာပမာဏကိုစောင့်ကြည့်တိုင်းတာဖို့ဆိုတာအရေးကြီးပါတယ်။ အရိုးရှင်းဆုံးနည်းကတော့ စမတ်ဖုန်း Settings ထဲမှာရှိတဲ့ Data Usage Option ကိုအသုံးပြုတာဖြစ်ပါတယ်။ သူကတစ်လအတွင်းမှာအသုံးပြုတဲ့ ဒေတာပမာဏနဲ့ ဒေတာကိုအများဆုံးအသုံးပြုတဲ့ Apps များကိုဖော်ပြပေးပါတယ်။

ဒေတာတိုင်းတာခြင်းထက်ပိုတဲ့ အလုပ်များကိုလုပ်ပေးနိုင်တဲ့ Onavo Extend လို့ခေါ်တဲ့ Third-Party App ကိုလည်းအသုံးပြုနိုင်ပါတယ်။ သူကသူ့ရဲ့ Cloud Server များမှာဒေတာချုံ့တဲ့ နည်းပညာကိုအသုံးပြုပြီးသင့်ရဲ့ ဒေတာပမာဏကိုလျှော့ချပေးနိုင်ပါတယ်။ သူ့ရဲ့ Developer များရဲ့ အဆိုအရOnavo Extend ဟာဒေတာများကို ၈၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီ App ဟာ နိုင်ငံရပ်ခြားကိုမကြာခဏသွားရောက်သူများနဲ့ Roaming Charges များကိုလျှော့ချချင်သူများအတွက် အသုံးဝင်ပါတယ်။

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category