150 Shares 31 Views

Microsoft က ကီးဘုတ် ခလုတ်များမှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်မည်

Oct 09, 2017
150 31

Biometric များဟာ အနာဂတ်ရဲ့ လုံခြုံရေး နည်းလမ်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ Apple က မကြာခင်က မိတ်ဆက်ခဲ့တဲ့ iPhone အသစ်များမှာ လက်ဗွေရာ အာရုံခံ စနစ်ထက် ပိုမို လုံခြုံတယ်လို့ ပြောတဲ့ Face ID ခေါ် မျက်နှာ အာရုံခံ စနစ်ကို ထည့်သွင်းပေးထားပါတယ်။ စမတ်ဖုန်း တော်တော်များများမှာလည်း လက်ဗွေရာ အာရုံခံ ကိရိယာများ တပ်ဆင်ပေးလာကြပါတယ်။ လာမယ့်နှစ်မှာ လက်ဗွေရာအာရုံခံ ကိရိယာဟာ စမတ်ဖုန်းတိုင်းမှာ ပုံသေစံနှုန်းအနေဖြင့် ပါဝင်လာမယ်လို့လည်း ပညာရှင်များက တွက်ချက်ထားကြပါတယ်။

အခုလည်း Microsoft က စမတ်ဖုန်းများမှာလို ကွန်ပြူတာ ကီးဘုတ် ခလုတ်များမှာ လက်ဗွေရာ အာရုံခံ ကိရိယာကို တပ်ဆင်ထားတဲ့ Patent အသစ်တစ်ခုကို မှတ်ပုံတင်ထားပါတယ်။ အဲဒီအတွက် ကွန်ပြူတာကို Login ၀င်ရင် Passwords များ ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှုများ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

Microsoft က မျက်နှာ အာရုံခံ စနစ်ဖြစ်တဲ့ Windows Hello ကို Windows 10 မှာ ထည့်သွင်းပေးထားပေမယ့် သူ့ကို ထောက်ပံ့တဲ့ ကင်မရာနဲ့ တွဲဖက် သုံးဖို့ လိုအပ်သလို တစ်ခါတစ်လေမှာ အလုပ်ကောင်းစွာ မလုပ်တဲ့ ပြဿနာ ရှိတတ်ပါတယ်။ Microsoft က Patent အသစ်ကို Keyset Fingerprint Sensor လို့ အမည်ပေးထားပြီး Ultrasonic Imaging နည်းပညာကို အသုံးပြုထားပါတယ်။ သူက ၅၀၀ မိုက်ခရွန်အထိ သေးငယ်တဲ့ အရာများကို အာရုံခံနိုင်ပါတယ်။

ref : techviral

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category