326 Shares 85 Views

မိုဘိုင်းဂိမ်းကို မရပ်မနား ကစားလို့ မျက်လုံးတစ်လုံး ကွယ်သွားတဲ့ မိန်းကလေး

Oct 09, 2017
326 85

တရုတ်နိုင်ငံ ဒွန်ဂူအမ်မှ အမျိးသမီးငယ်တစ်ဦးဟာ မိုဘိုင်းဂိမ်းကို မရပ်မနား ကစားလို့ ညာဘက်မျက်လုံးတစ်လုံး ကွယ်သွားခဲ့ပါတယ်။ သူမဟာ အသက် ၂၁ နှစ်အရွယ်ရှိပြီး Wu လို့ခေါ်ပါတယ်။ တရုတ်နိုင်ငံရဲ့ Golden Week အားလပ်ရက်မှာ သူမဟာ အိမ်မှာ အနားယူနေရင်း ဂိမ်းကစားခဲ့တာ ဖြစ်ပါတယ်။ သူငယ်ချင်းများက အပြင်ထွက်လည်ဖို့ ခေါ်ခဲ့ပေမယ့် အပြင်မှာ လူအရမ်းများတဲ့အတွက် အိမ်မှာပဲ နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Wu ဟာ တရုတ်မှာ နာမည်ကြီးတဲ့ King of Glory Mobile Game ကို အလွန် နှစ်သက်သူလည်း ဖြစ်ပါတယ်။ သူမက ည ၇ နာရီမှာ ထမင်းစားခဲ့ပြီးတော့ ဂိမ်းကစားခဲ့ပြီး အတော်ကြာတဲ့ အချိန်မှာ ညာဘက်မျက်လုံးဟာ ဘာမှမမြင်ရတော့ဘူးလို့ ပြောပါတယ်။

မျက်လုံး အနားပေးဖို့လိုတယ်လို့ သူမ ထင်ခဲ့ပြီး အိပ်စက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ အိပ်ယာက နိုးလာတဲ့အခါမှာလည်း အခြေအနေက ထူးခြား မလာခဲ့ပါဘူး။ သူမဟာ တုန်လှုပ်သွားခဲ့ပြီး မိဘများက ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။

ဆရာဝန်များက ဒီရောဂါဟာ လူကြီးများမှာသာ ဖြစ်လေ့ရှိပြီး Wu လို လူငယ်များမှာ ဖြစ်ပွားခြင်းဟာ အလွန် ရှားပါးတယ်လို့ ပြောပါတယ်။ ဆရာဝန်များက မျက်လုံးကို အနားမပေးဘဲ နာရီပေါင်းများစွာ ဂိမ်းကစားလို့ ဖြစ်တယ်လို့ ပြောပါတယ်။

သူမဟာ အလုပ်ရှိတဲ့ နေ့များမှာ တစ်နေ့ကို ၈ နာရီလောက် မရပ်မနား ကစားပြီး အလုပ်ပိတ်တဲ့ နေ့များမှာတော့ မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ ကစားပါတယ်။ အဲဒီနောက်မှာ အစာစားပြီး တစ်ရေးအိပ်ပါတယ်။ ပြီးရင်တော့ နံနက် ၂ နာရီလောက်အထိ ကစားပြန်ပါသေးတယ်။ သူမကို ဆေးရုံမှာ ကုသနေဆဲ ဖြစ်ပါတယ်။

ref : worldofbuzz

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
770 shares256 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Leave a Comment

Most from this category