309 Shares 80 Views

Android ဖုန်းထုတ်လုပ်သူများက လာမယ့်နှစ်မှာ iPhone X ရဲ့ Face ID ကို တုပ ဖန်တီးကြမည်

Oct 09, 2017
309 80

စမတ်ဖုန်း ထုတ်လုပ်သူများဟာ ဒီနှစ်မှာ မျက်နှာပြင်အောက်တွင် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံတဲ့ နည်းပညာကို အပြိုင်အဆိုင် တီထွင်ခဲ့ကြပေမယ့် ရလဒ်ကောင်းများ မရခဲ့ပါဘူး။ လာမယ့်နှစ်မှာတော့ Apple iPhone X မှာ ထည့်သွင်းပေးထားတဲ့ Face ID လို အဆင့်မြင့် မျက်နှာခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာများကို Android ဖုန်း ထုတ်လုပ်သူများက တုပ ဖန်တီးကြမှာ ဖြစ်ပါတယ်။

ဒီဟောကိန်းကို KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ သူက Android ဖုန်း ထုတ်လုပ်သူများဟာ Apple iPhone X ရဲ့ အဆင့်မြင့် မျက်နှာခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာကို အမီလိုက်ဖို့အတွက် ၂၀၁၈ ခုနှစ်မှာ သူတို့ကိုယ်ပိုင် နည်းပညာများကို ဖန်တီးကြလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

စားသုံးသူများက Face ID ဟာ အလွန် အဆင့်မြင့်ပြီး စိတ်ချရတဲ့ နည်းပညာလို့ ထင်နေကြတဲ့အတွက် ဒီနည်းပညာပါတဲ့ စမတ်ဖုန်းများဟာ ရောင်းကောင်းလာနိုင်တယ်လို့ Kuo က သုံးသပ်ပါတယ်။ ဒီနည်းပညာက Augmented Reality စွမ်းဆောင်ချက်များကိုလည်း ထောက်ပံ့နိုင်ပါတယ်။

Kuo က “ 3D Sensing ဟာ မျက်နှာကို ခွဲခြမ်းစိတ်ဖြာနိုင်ရုံ သာမက Apple ရဲ့ Animoji လို ပျော်ရွှင်စရာ အရာများကိုပါ ဖန်တီးပေးနိုင်ပါတယ်။ ဒါဟာ AR နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ကျပါတယ်။ “ လို့ ပြောပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံတဲ့ နည်းပညာကိုလည်း ဖုန်းထုတ်လုပ်သူများက ဖန်တီးနေကြဦးမယ်လို့ သူက သုံးသပ်ပါတယ်။

ref : techradar

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category