1107 Shares 251 Views

Samsung Galaxy Note 9 မှာ မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံထားမည်

Oct 09, 2017
1107 251

Apple က နည်းပညာအခက်အခဲကြောင့် iPhone X မှာ လက်လျှော့ခဲ့ရတဲ့ မျက်နှာပြင်အောက် လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံတဲ့ နည်းပညာကို Samsung Galaxy Note 9 မှာ ပါမယ်လို့ KGI Securities ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က တွက်ဆထားပါတယ်။ အဲဒီအတွက် Galaxy Note 9 ပိုင်ရှင်များဟာ လက်ဗွေရာကို မျက်နှာပြင်ပေါ်တင်လိုက်တာနဲ့ စမတ်ဖုန်းကို Unlock ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Samsung က Galaxy Note 9 ကို ၂၀၁၈ ခုနှစ် ဒုတိယ နှစ်ဝက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီနည်းပညာကို Apple က iPhone X မှာ ထည့်သွင်းဖို့ ကြိုးစားခဲ့တယ်လို့ The Wall Street Journal က ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် iPhone X ရောင်းချဖို့ အချိန်နီးကပ်လာတဲ့တိုင်အောင် ဒီနည်းပညာကို မဖန်တီးနိုင်သေးတဲ့အတွက် Apple က လက်လျှော့ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် Apple က လက်ဗွေရာအစား မျက်နှာကို ခွဲခြမ်းစိတ်ဖြာတဲ့ Face ID နည်းပညာကို iPhone X မှာ ထည့်သွင်းပေးခဲ့ခြင်း ဖြစ်ပါတယ်။

Samsung က အဲဒီနည်းပညာကို ဖန်တီးနိုင်ဖို့ အစိတ်အပိုင်းများ ထောက်ပံ့မယ့် ကုမ္ပဏီ ၃ ခု ရှိတယ်လို့ KGI Securities က ပြောပါတယ်။ အဲဒီကုမ္ပဏီများကတော့ Synaptics ၊ ကိုရီးယား ကုမ္ပဏီ BeyondEyes နဲ့ Samsung ရဲ့ လက်ခွဲ ကုမ္ပဏီ Samsung LSI တို့ ဖြစ်ပါတယ်။

Samsung က သူ့ရဲ့ ဖုန်းများမှာ မျက်နှာအာရုံခံ နည်းပညာ ထည့်သွင်းပေးထားပေမယ့် Apple iPhone X လောက်နည်းပညာ မမြင့်မားသလို လုံခြုံစိတ်ချရမှု အပိုင်းမှာလည်း အားနည်းပါတယ်။ Apple ဟာ အဲဒီနည်းပညာကို ပြိုင်ဖက်များထက် ၂ နှစ်လောက်စောပြီး ဖန်တီးနိုင်ခဲ့တယ်လို့ ယခင်က Kuo က ပြောခဲ့ဖူးပါတယ်။

ref : businessinsider

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
935 shares318 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Leave a Comment

Most from this category