BlackBerry က Motion အမည်ရ ထိတွေ့မျက်နှာပြင်ဖုန်းကို မိတ်ဆက်
BlackBerry က ဒူဘိုင်းမှာ ကျင်းပတဲ့ GITEX Tech Week မှာ Motion အမည်ရ စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းဟာ BlackBerry Mobile အတွက် TCL က အထူးဖန်တီးပေးထားတဲ့ ဒုတိယမြောက် စမတ်ဖုန်း ဖြစ်ပြီး BlackBerry အတွက် TCL ရဲ့ ပထမဆုံး ထိတွေ့မျက်နှာပြင် ဖုန်း ဖြစ်ပါတယ်။ TCL ရဲ့ BlackBerry အတွက် ထုတ်လုပ်ပေးခဲ့တဲ့ ပထမဖုန်း ဖြစ်တဲ့ KEYone လို မဟုတ်ဘဲ Motion မှာ Physical Keyboard မပါပါဘူး။ သူ့မှာ Physical Home Button ပါပြီး သူ့ရဲ့ အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံထားပါတယ်။
Motion မှာ ၅.၅ လက်မ Full HD Display , Snapdragon 625 Processor တပ်ဆင်ထားပါတယ်။ 4GB RAM , 32GB Internal Storage ထည့်သွင်းထားပါတယ်။ Android 7.1 Nougat ထည့်သွင်းထားပြီး Android 8.0 Oreo ကို ၂၀၁၈ ခုနှစ်မှာ ရရှိမှာ ဖြစ်ပါတယ်။ သူ့မှာ 4000mAh Battery တပ်ဆင်ထားပြီး Quick Charge 3.0 ပါတဲ့အတွက် မိနစ် ၄၀ အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။
IP67 စံနှုန်းသာရှိတဲ့ အတွက် ရေစိုခံတဲ့ စွမ်းရည်က သိပ်မကောင်းပါဘူး။ ရေချိုးခန်းထဲ ယူဆောင် အသုံးပြုလို့တော့ ရပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ၄၆၃ ဒေါ်လာ ၀န်းကျင် ဖြစ်ပါတယ်။
ref : androidheadlines
You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
Ko Thuya - Apr 23, 2018Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
Ko Thuya - Apr 23, 2018အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
Nwe Oo Thant - Apr 23, 2018[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…
Most from this category

သတ္တုကိုယ်ထည်ဖုန်းတွေခေတ်ကို တစ်ကျော့ပြန်လည်လာမလား??
Nwe Oo Thant - Apr 23, 2018
Leave a Comment
You must be logged in to post a comment.