430 Shares 59 Views

အိန္ဒိယဈေးကွက်အတွက်ပိုမိုအာရုံစိုက်လုပ်ဆောင်တော့မယ့် Huawei

Oct 09, 2017
430 59

တရုတ်နိုင်ငံအခြေစိုက်စမတ်ဖုန်းကုမ္မဏီဖြစ်တဲ့ Huawei ဟာအိန္ဒိယဈေးကွက်ကို အကြီးအကျယ် ထိုးဖောက်ဝင်ရောက်ဖို့ ဈေးကွက်ဗျူဟာ လုပ်ဆောင်လျက်ရှိနေကြောင်းယခုတပတ်အတွင်း CNBC နဲ့တွေ့ဆုံခန်းမှာပြောကြားခဲ့ပါတယ်။ အိန္ဒိယဈေးကွက်ဟာ ပြီးခဲ့တဲ့နှစ်များအတွင်းမှာ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းဈေးကွက်စာရင်းဝင်ဖြစ်လာတဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် Huawei အနေနဲ့မိုဘိုင်းထုတ်ကုန်ရောင်းချမှုမှာ ရာခိုင်နှုန်းအပြည့်ရရှိအောင် ယခုနှစ်ကုန်လောက်ကနေစတင် ကြိုးစားတော့မယ်လို့ဆိုပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီအမြောက်အမြား အိန္ဒိယဈေးကွက်သို့ ၀င်ရောက်လာမှုနှင့်အတူ Huawei ဟာ ဈေးကွက်နေရာရရှိမှု တဖြည်းဖြည်း လျှော့နည်းသွားခဲ့ပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ Huawei India ရဲ့အမှုဆောင်ချုပ် ဂျေးချန်က အိန္ဒိယဈေးကွက်ကို အာရုံစိုက် လုပ်ဆောင်ဖို့ စီစဉ်နေကြောင်း နယူးဒေလီမှာ ကျင်းပတဲ့ India Economic Summit မှာ CNBC ကိုပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယဈေးကွက်ကို Samsung က ဦးဆောင်လျက်ရှိပြီး Xiaomi ၊ Vivo ၊ Oppo နဲ့ Lenovoတို့က နောက်က လိုက်နေပါတယ်။ Huawei ဟာ အိန္ဒိယဈေးကွက်မှာ ထိပ်ဆုံးငါးခုစာရင်းတောင် မ၀င်ပါဘူး။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာတော့ နံပါတ်3နေရာမှာရှိပါတယ်။ သူ့ရဲ့ရှေ့မှာတော့ Apple နဲ့ Samsung တို့ကနေရာယူထားပါတယ်။

Huawei တို့ အိန္ဒိယဈေးကွက်မှာ နောက်ဆုံး ကြေညာထားတဲ့ ဖုန်းကတော့ Huawei Honor 9i ဖြစ်ပါတယ်။ ဒီဖုန်းက မျက်နှာပြင် ၅.၉၉ လက်မရှိပြီး 18:9 ဒီဇိုင်းနှင့် ကျောဘက်ကင်မရာနှစ်ခုနှင့် ရှေ့ကင်မရာနှစ်ခု ထည့်သွင်းပေးထားပါတယ်။ Huawei က ကင်မရာလေးခုနှင့် FullView Display သုံးထားတဲ့ ကမ္ဘာ့ပထမဆုံးဖုန်းဆိုပြီး ကြေညာကာ ဈေးကွက်သို့ ထိုးဖောက်ထားပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Octa-Core Kirin 659 Chip နဲ့ဖြစ်ပြီး၊အချက်အလက်သိုလှောင်နိုင်စွမ်းကတော့ 64GBဖြစ်ကာဘက်ထရီစွမ်းအားကတော့ 3340mAh သုံးထားပါတယ်။ အိန္ဒိယရဲ့e-commerce ဆိုက်ဖြစ်တဲ့ Flipkart ကနေရောင်းချပေးတာဖြစ်ပြီး ဈေးနှုန်းကတော့ 17,999 ရှုပီး ($275.91) နဲ့ဖြစ်ပါတယ်။
Huawei ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့လည်းအိန္ဒိယနိုင်ငံရဲ့ 5G (ပဉ္စမမျိုးဆက်မိုဘိုင်းကွန်ရက်) ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်အခြားဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာလုပ်ဖော်ကိုင်ဖက်များ နဲ့အတူပူးတွဲအလုပ်လုပ်ကိုင်နေပါတယ်။

Ref:CNBC

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
118 shares40 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Leave a Comment

Most from this category