224 Shares 29 Views

လျှပ်စစ်ကားထုတ်လုပ်မှုအတွက် US မှာ ဒေါ်လာ ၁ ဘီလီယံရင်းနှီးမြှုပ်နှံလိုက်တဲ့ ဂျပန်ကားကုမ္မဏီ Denso

Oct 08, 2017
224 29

အနာဂတ်သယ်ယူပို့ဆောင်ရေးမှာ လျှပ်စစ်ကားတွေရဲ့အခန်းကဏ္ဍဟာ အတော်ကြီးအရေးပါလာ တော့မှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီချွေတာရေး အစီအစဉ်တွေအရ မော်ကော်ကားကုမ္မဏီ အများစုဟာ လျှပ်စစ်ကားထုတ်လုပ်မယ့် ဘက်ကို ဦးလှည့်လာခဲ့ကြပါပြီ။ ဒီလိုထုတ်လုပ်သူတွေထဲမှာ အာရှကိုမော်တော်ကား တင်ပို့မှုအများဆုံး လုပ်နေတဲ့ ဂျပန်နိုင်ငံလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ကပဲ ဂျပန်မော်တော်ယာဉ်ထောက်ပံ့ရေးကုမ္ပဏီကြီးဖြစ်တဲ့ Denso ဟာမော်တော်ကားဘေးကင်းလုံခြုံမှုနှင့်လျှပ်စစ်မော်တော်ယာဉ်များ နည်းပညာအပေါ်အာရုံစူးစိုက်ရန် အတွက်အမေရိကန်မှာ ၁ ဘီလီယံရင်းနှီးမြုပ်နှံလိုက်ပါတယ်။ ဂျပန်အခြေစိုက်ကုမ္မဏီရဲ့ အမေရိကန်မော်တော်ကားဈေးကွက်ကို တိုးချဲ့ထိုးဖောက်နိုင်ဖို့ ပြင်ဆင်လိုက်တဲ့ ဈေးကွက်ရင်းနှီးမှုတခုလို့ ပြောရင်လည်း ရနိုင်ပါတယ်။

အဆိုပါရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်ပြီးတော့ ကုမ္ပဏီအနေနဲ့ Tennessee ပြည်နယ်မှာရှိတဲ့ Denso ရဲ့စက်ရုံမှာ အလုပ်အကိုင်အခွင့်လမ်းသစ် ၁၀၀၀ ကျာ်ဖန်တီးပေးနိုင်ဖို့လည်း မျှော်လင့်လျက်ရှိပါတယ်။ “ဒါဟာ အနာဂတ် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် Denso ရဲ့ရင်းနှီးမြှုပ်နှံမှုတခုဖြစ်ပါတယ်။ ကျနော်တို့ရဲ့လူ့အဖွဲ့အစည်း မှာသယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍဟာ သိသာထင်ရှားစွာပြောင်းလဲတော့မယ့်ဆိုတဲ့ အရိပ်အခြေတွေ မြင်နေ ရပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ ဈေးကွက်အခြေအနေအရ ပြောင်းလဲနေတဲ့စားသုံးသူတွေရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဖြစ်တဲ့ အပြင်၊လူအဖွဲ့အစည်းအတွက်အခြေခံကျတဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကိုပါ ကူညီပေးနိုင်ဖို့ရည်ရွယ်ပါတယ် ” ဟု Denso မြောက်အမေရိကရဲ့အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Kenichiro Ito ကပြောပါတယ်။

Denso ရဲ့အမေရိကန်ဈေးကွက်ရင်းနှီမြုပ်နှံမှုဟာကမ္ဘာလုံးဆိုင်ရာမော်တော်ကားဈေးကွက်ကိုပိုမို ကြီးထွားလာစေပြီး လျှပ်စစ်မော်တော်ယာဉ်များနှင့်နည်းပညာမြင့်မော်တော်ကားအသစ်များ ချိတ်ဆက်ပြောင်းရွှေ့ဖို့လမ်းကြောင်းသစ်ကိုပါ တွင်ကျယ်လာစေမှာဖြစ်ပါတယ်။ Denso အနေနဲ့ ပြီးခဲ့သည့်လကလည်းလျှပ်စစ်မော်တော်ယာဉ်များဖွံ့ဖြိုးတိုးတက်စေဖို့ပူးပေါင်းမှုအဖြစ် ဂျပန်အဖွဲ့တစ်ဖွဲဖြစ်တဲ့ Mazda နှင့်လက်တွဲဆောင်ရွက်ဖို့ ကြေညာခဲ့ပါသေးတယ်။ 2016 ခုနှစ်မှာကျင်းပခဲ့တဲ Consumer Electronics Show မှာလည်း Denso မော်တာမှမတော်တဆမှုရှောင်ရှားခြင်းနှင့်လမ်းပိတ်ဆို့မှုကိုလျှော့ချပေးနိုင်စေမယ့် ဒီဇိုင်းဖြစ်တဲ့ (V2V) ဆက်သွယ်ရေးယာဉ်စနစ်အားမိတ်ဆက်ပြသခဲ့ပါသေးတယ်။
Ref: gadgetsnow

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category