472 Shares 108 Views

အနောက်ကင်မရာ ၂ လုံးနဲ့ Stock Android ပါတဲ့ Xiaomi Mi A1 ကို ဥရောပမှာ ရောင်းပြီ

Oct 08, 2017
472 108

Xiaomi နဲ့ Google တို့ ပူးပေါင်း ဖန်တီးထားတဲ့ Android One Smartphone ကို ဥရောပမှာ ရောင်းချပေးလိုက်ပါတယ်။ Xiaomi Mi A1 ဟာ ပေးရတဲ့ ဈေးထက် တန်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ သူ့ကို Google ရဲ့ Android One ပလက်ဖောင်းကို အခြေပြု ဖန်တီးထားပြီး Stock Android ထည့်သွင်းထားတဲ့အတွက် MIUI တော့ မပါပါဘူး။

စပိန်မှာတော့ ဈေးသက်သာပြီး ယူရို ၂၂၈ ဖြင့် ရောင်းချပေးနေပြီး ၁၀ ရက်နေ့မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဂရိစ်မှာတော့ ယူရို ၂၈၄ နဲ့ ပိုလန်မှာ ယူရို ၃၀၀ သတ်မှတ်ထားပါတယ်။ ဟန်ဂေရီမှာ ယူရို ၂၄၀ နဲ့ ရုရှားမှာ ယူရို ၂၈၀ သတ်မှတ်ထားပါတယ်။ ချက်မှာ ၁၉ ရက်နေ့တွင် ယူရို ၂၆၀ ဖြင့် ၀ယ်ယူနိုင်မှာပါ။ ယခုလ ၁၂ ရက်နေ့မှာ ဘူလ်ဂေးရီးယားမှာ ယူရို ၂၈၀ နဲ့ ၁၅ ရက်နေ့မှာ အီတလီတွင် ယူရို ၂၂၀ ဖြင့် ရောင်းချပေးမှာပါ။

Mi A1 မှာ Snapdragon 625 Chipset , 4GB RAM, 64GB Internal Storage နဲ့ Stock Android 7.1.2 Nougat ထည့်သွင်းထားပါတယ်။ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ စွမ်းဆောင်ရည်မြင့် Mi 6 မှာလို Mi A1 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၂ လုံး ပံ့ပိုးပေးထားပါတယ်။ အနောက်ဘက်မှာပဲ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ 3080mAh Battery တပ်ဆင်ထားပြီး USB-C Port ကနေ အားသွင်းရမှာ ဖြစ်ပါတယ်။

Stock Android ဖြစ်တဲ့အတွက် MIUI 9 တော့ မပါရှိပါဘူး။ ဒါပေမယ့် MIUI Camera App ကို ထည့်သွင်းပေးထားပါတယ်။ ယခုနှစ်ကုန်မှာ Android Oreo ကို အဆင့်မြှင့်ပေးမယ်လို့ ရှောင်မီက ပြောပါတယ်။ Mi A1 ဟာ လာမယ့်နှစ်မှာ ဖြန့်ချီမယ့် Android P ကို အစောဆုံးရရှိမယ့် စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်ပါတယ်။

ref : gsmarena

You may be interested

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO
Android, FEATURES, Games
0 shares0 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ World of Warships Blitz: Naval War MMO

Ko Thuya - May 26, 2018

World of Warships Blitz: Naval War MMO ဟာ အသစ်ထွက်ရှိလာတဲ့ စစ်တိုက်တဲ့ ဂိမ်း ဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ တိုက်ရေယာဉ်များဖြင့် တိုက်ခိုက်ကြရမှာပါ။ သင့်ရဲ့ သင်္ဘောနဲ့ သင့် တပ်သားများကို ထိန်းချုပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။ Strategy…

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8
Mobile & Tablets, NEWS
0 shares0 views

Quick Charge 4.0+ ပါထောက်ပံ့ပေးထားမယ့် Xiaomi Mi 8

Nwe Oo - May 26, 2018

[Zawgyi] Xiaomi Mi 8 နဲ့ပတ်သတ်ပြီး feature အမိုက်စားကြီးတွေပါမယ်လို့သတင်းထွက်ထားတဲ့အတွက် အားလုံးရင်ခုန်နေကြပါပြီ။ in-display fingerprint sensor, ထွင်းဖောက်မြင်နိုင်တဲ့ကျောဘက်ကိုယ်ထည်၊ 3D face unlock, screen, internal အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းကစလို့ စိတ်ဝင်စားစရာဖြစ်နေတဲ့အပြင် နောက်ထပ် feature တစ်ခုထပ်ပါလာပြန်ပြီဆိုတော့…

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?
FEATURES, HOW TO, Mobile & Tablets
196 shares42 views

သင့် Android မှ ဒေတာများကို သူများတွေ ပြန်ရှာမရအောင် ဘယ်လို ဖျက်မလဲ?

Ko Thuya - May 26, 2018

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို…

Leave a Comment

Most from this category