583 Shares 118 Views

Samsung က လုပ်ငန်းသုံးအတွက် လုံခြုံရေး အဆင့်မြှင့်ထားတဲ့ Galaxy S8 နဲ့ Galaxy Note 8 ကို ရောင်းချ

Oct 08, 2017
583 118

Samsung က စီးပွားရေးလုပ်ငန်းများအတွက် ဂျာမနီမှာ Galaxy S8 နဲ့ Galaxy Note 8 စမတ်ဖုန်းများရဲ့ Enterprise Editions များကို ရောင်းချပေးလိုက်ပါတယ်။ အဲဒီ ဖုန်းများမှာ Knox လုံခြုံရေး ဆော့ဖ်ဝဲ ထည့်သွင်းထားပြီး ကိုယ်ရေးကိုယ်တာ ဒေတာများနဲ့ အလုပ်ဒေတာများကို သီးခြားစီ ခွဲထုတ်ထားပါတယ်။ အလုပ်ဒေတာများကို အလွန် လုံခြုံအောင် ကာကွယ်ပေးထားပြီး အလုပ်အတွက် သီးခြား Home Screen , Launcher , Apps , Widgets များကို ပံ့ပိုးပေးထားပါတယ်။

Enterprise Editions စမတ်ဖုန်းများမှာ အာမခံကို ၃ နှစ်အထိ ပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် လုံခြုံရေး ဆော့ဖ်ဝဲ ဖြစ်တဲ့ Knox Configure and Enterprise Firmware ကိုလည်း ၃ နှစ်အထိ Over-the-Air ကနေ ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းများဟာ ၃ နှစ်အထိ လစဉ် လုံခြုံရေး ဆော့ဖ်ဝဲ Update များကို ရရှိမှာ ဖြစ်ပါတယ်။ Developers များက တစ်ပြိုင်နက်ထဲ Devices များစွာမှာ ဆော့ဖ်ဝဲများနဲ့ Updates များကို အင်စတောလုပ်နိုင်ပါတယ်။ ဂျာမနီမှာ Galaxy S8 နဲ့ Galaxy Note 8 စမတ်ဖုန်းများရဲ့ Enterprise Editions များကို Tech Data Mobile ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။

ref : gsmarena

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category