167 Shares 28 Views

ပွာတိုရီကိုမှာ မိုးပျံဘောလုံးဖြင့် အင်တာနက် ထုတ်လွှင့်ပေးမယ့် Google

Oct 08, 2017
167 28

Google က သဘာဝဘေးဒဏ်ကြောင့် အင်တာနက် ဆက်သွယ်မှု ပြတ်တောက်နေတဲ့ ပွာတိုရီကိုမှ လူများအတွက် မိုးပျံဘောလုံးများဖြင့် အင်တာနက် ပံ့ပိုးပေးဖို့ ကြိုးစားနေပါတယ်။ အခုတော့ အမေရိကန် ဆက်သွယ်ရေး ကော်မရှင်က Google ရဲ့ အစီအစဉ်ကို ခွင့်ပြုလိုက်ပါပြီ။ Google က ဒီလို ပြုလုပ်ပေးဖို့အတွက် ပွာတိုရီကိုမှ ဆက်သွယ်ရေး ကုမ္ပဏီများနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။

ပွာတိုရီကိုရဲ့ အင်တာနက် အခြေခံ အဆောက်အဦးများဟာ မာရီယာ ဟာရီကိန်းကြောင့် ပျက်ဆီးသွားခဲ့ပါတယ်။ နိုင်ငံရဲ့ လျှပ်စစ်ဓါတ်အားဟာ ၁၀ ရာခိုင်နှုန်းနဲ့ ဆဲလ်ဖုန်းတာဝါတိုင်များဟာ ၂၅ ရာခိုင်နှုန်းအောက်သာ ပြန်လည် အလုပ်လုပ်သေးတယ်လို့ ပွာတိုရီကို အစိုးရရဲ့ ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။

Google ရဲ့ မိုးပျံဘောလုံးများဟာ အမြင့်ပေ ၆၅ ၀၀၀ ကနေ မြေပြင်မှ လူများအတွက် အင်တာနက် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ Google က ပွာတိုရီကိုမှ ပြည်သူ ၃.၅ သန်းအတွက် အင်တာနက် ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်။

Google က ရေကြီးခဲ့တဲ့ ပီရူးမှာလည်း မိုးပျံဘောလုံးများဖြင့် 4G LTE ကို ထုတ်လွှင့်ပေးခဲ့ပါတယ်။ Google က ပီရူးမှာ မိုးပျံဘောလုံးများဖြင့် ပြည်သူများအတွက် 160GB Data ပံ့ပိုးပေးခဲ့ပြီး အဲဒီပမာဏဟာ အီးမေး အစောင် ၂ သန်းနဲ့ WhatsApp Messages ပေါင်း သန်း ၃၀ ပေးပို့နိုင်ပါတယ်။

ref : mashable

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category