532 Shares 86 Views

ကားမောင်းနေတဲ့အချိန်မှာ Do Not Disturb Mode ကိုအလိုအလျောက်ဖွင့်ပေးမယ့် Pixel 2

Oct 08, 2017
532 86

Apple အနေနဲ့သူ့ရဲ့ iOS ဗားရှင်းအသစ်မှာ ကားမောင်းရင်းဖုန်းပြောမိတဲ့အချိန်ဖြစ်ပေါ်လာနိုင်မယ့် အန္တရာယ်တွေအတွက် while driving လုပ်ဆောင်ချက်ကိုထည့်ပေးပါတယ်။ အခုလည်း Google ကသူ့ရဲ့အသစ်ထွက် စမတ်ဖုန်းဖြစ်တဲ့ Pixel 2 ဖုန်းတွေမှာ ကားမောင်းနေတဲ့အချိန် Do Not Disturb Mode ကိုအလိုအလျောက်ဖွင့်ပေးမယ့် လုပ်ဆောင်ချက်အသစ်ကို ပြုလုပ်ပေးလိုက်ပါတယ်။

သို့ပေမယ့်ဒီနည်းလမ်းကိုသုံးချင်တယ်ဆိုရင်တော့ app ထည့်သွင်းပေးမှရမှာပါ။ Pixel 2 မှလုပ်ဆောင်လို့ ရနိုင်မယ့် Do Not Disturb လုပ်ဆောင်ချက်အတွက် Google ရဲ့ Play Store မှာတင်ထားတဲ့ app တခုရဲ့ screen shot ကနေသိရှိခဲ့ရတာပဲဖြစ်ပါတယ်။ App ရဲ့နာမည်ကတော့ Pixel Ambient ၀န်ဆောင်မှုလို့ခေါ်ပါတယ်။ Pixel Ambient လို့ပေးထားတာကြောင့် Google ဖုန်းတွေမှာသီးသန့်သုံးနိုင်မယ့် လုပ်ဆောင်ချက်မျိုးဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တချို့ကတော့ အခုနောက်ပိုင်း Samsung ဖုန်းတွေမှာပါဝင်လာတဲ့ always on display လိုမျိုးပါ ဖုန်းကို screen off ထားတဲ့အချိန်မျက်နှာပြင်ပေါ် မှာ နေ့စွဲ၊အချိန်တွေကိုပြသပေးနေမှာဖြစ်ပြီး သီချင်းနားထောင်နေတယ်ဆိုရင်လည်း သီချင်းခေါင်းစဉ်နဲ့ အဆိုတော်နာမည်ကို ပြသပေးထားမှာပါ။

ဒါပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်တွေက ဒီလောက်နဲ့တင်ရပ်တန့်မသွားပါဘူး။ Play Store မှာတင်ထားတဲ့ စကရင်ရုပ်ပုံအရ အောက်တိုဘာ 4 ရက်နေ့မှာ တင်ထားတာဖြစ်ပြီး သင်ကားမောင်းနေတဲ့အချိန်မှာ အလိုအလျောက် Do Not Disturb Mode ကိုဖွင့်ပေးနိုင်စေဖို့အတွက် app ထဲမှာသွားရောက်ပြီး DND ကို On ပေးရမှာဖြစ်ပါတယ်။ ဒါမှသာဖုန်းမှာပါတဲ့ sensor နဲ့ချိတ်ဆက်ပြီး ပြုလုပ်နိုင်စွမ်းရှိမှာပါ။ နောက်ထပ်အရေးကြီး တာကတော့ ဒီလုပ်ဆောင်ချက်ကိုသုံးနိုင်စေဖို့အတွက် မိမိကားမှာ Bluetooth ကွန်ရက်ချိတ်ဆက်နိုင်စွမ်းရှိရပါ လိမ့်မယ်။ Google App ရဲ့နည်းပညာဟာ iOS နဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ အတော်လေးအလှမ်းကွာဝေးနေ သေးတယ်လို့ သတ်မှတ်နိုင်ပါတယ်။

Ref: androidpolice

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
845 shares280 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Leave a Comment

Most from this category