175 Shares 40 Views

Selfie Portrait Mode ရိုက်ကူးနိုင်တဲ့ Asus Zenfone 4 Selfie Lite တရားဝင်ထွက်ရှိ

Oct 08, 2017
175 40

Asus အနေနဲ့နောက်ဆုံးမှာတော့ သူတို့ရဲ့ Zenfone 4 စီးရီးအတွက်နောက်ထပ်ဖုန်းတလုံးကို တရားဝင်ထုတ်ပြလိုက်ပါပြီ။ Selfie နဲ့ပတ်သတ်တဲ့ဖုန်းတွေကို အသားပေးထုတ်လုပ်နေတဲ့ Asus အနေနဲ့ နောက်ထပ် Selfie အသားပေးဖုန်းလို့သတ်မှတ်နိုင်တဲ့ 4 Selfie Lite ကိုသူတို့ရဲ့ဝက်ဘ်ဆိုက်မှာ တရားဝင်လွှင့် တင်လိုက်တာဖြစ်ပါတယ်။ သူတို့အနေနဲ့ Zenfone 4 Selfie နဲ့ 4 Selfie Pro တို့ကိုမိတ်ဆက်ပေးခဲ့ဖူးပြီး အခုအသစ်ထွက်လာတဲ့ Lite ကတော့ဈေးနှုန်းအတော်သက်သာပါလိမ့်မယ်။

Asus ရဲ့ဖိလစ်ဖိုင်ဝက်ဘ်ဆိုက်မှာ ထွက်ပေါ်လာခဲ့တဲ့အချက်အလက် ၊ပုံရိပ်တွေအရ Zenfone 4 Selfie ဆီကနေ ကင်မရာနဲ့ပတ်သတ်တဲ့လုပ်ဆောင်ချက်အများစုကို ရယူထားပါတယ်။ ကင်မရာဟာ အရှေ့ဘက်နဲ့နောက်ကျော ဘက် ၂ခုလုံးကို 13MP တပ်ဆပ်ပေးထားတယ်။ အရှေ့ဘက်ကင်မရာမှာ LED Flash တပ်ဆင်ပေးထားပြီး အလင်းဝင်ပေါက် f/2.0 နဲ့ ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ 5.5 လက်မဖန်သားပြင်နဲ့ဖြစ်ပြီး ၊ပုံရိပ်ဖော်ပြနိုင်စွမ်းကတော့ 720p နဲ့ပါ။ အရှေ့ဘက်ကင်မရာဟာ Selfie Panorama ကို 140 ဒီဂရီအထိရိုက်ကူးနိုင်စွမ်းရှိပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ မိမိရဲ့နောက်ခံကိုဝါးစေတဲ့လုပ်ဆောင်အတွက် Portrait Mode ကိုပါထည့်သွင်းပေးထားပါတယ်။ ပိုကောင်းတဲ့ရုပ်ပုံတွေရဖို့ Beauty Mode မှာလုပ်ဆောင်ချက် 5 ခုတောင်ပြီး BeautyLive လုပ်ဆောင်ချက်ကိုပါသုံးနိုင်ပါလိမ့်မယ်။

4 Selfie Lite ဆိုတဲ့နာမည်ကိုပိုမိုရှင်းလင်းစွာနားလည်နိုင်စေဖို့အတွက် သူ့မှာသုံးထားတဲ့ Chipset ကိုကြည့်ရပါ လိမ့်မယ်။ ပရိုဆက်ဆာပိုင်းမှာ Quad-core Cortex-A53 CPU နဲ့အတူ Snapdragon 425 ကိုသုံးထားပါတယ်။ Zenfone 4 မျိုးဆက်အခြားဖုန်းတွေနဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ ပရိုဆက်ဆာပိုင်းမှာကွာခြားပါတယ်။ အရင် Selfie ဖုန်းတွေမှာသုံးထားတာက S430 (8×1.4GHz Cortex-A53) နဲ့ S625 (8×2.0GHz Cortex-A53) တို့ဖြစ်တာကြောင့်ပါ။ နောက်ထပ်လျော့ချလိုက်တာကတော့ အချက်အလက်သိုလှောင်မှုနဲ့ RAM ပိုင်းပါ။ အခြား Zenfone 4 တွေလို 32GB နဲ့မဟုတ်ဘဲ 16GB နဲ့ဖြစ်ပြီး RAM ကလည်း 2GB သာပါဝင်မှာဖြစ်ပါတယ်။

ဖုန်းအသစ်ကိုတော့ဖိလစ်ပိုင်နိုင်ငံမှာ ယခုလအတွင်းရရှိနိုင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ 156 နဲ့ 176 ကြားရှိနိုင်ပါတယ်။ အခြားနိုင်ငံဈေးကွက်တွေနဲ့ ရရှိနိုင်ဖို့ကတော့ တရားဝင်မထုတ်ပြန်သေးပါဘူး။
Ref: revu.com

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category