730 Shares 184 Views

ပရီးမီးယားလိဂ်ပွဲစဉ်များအား တိုက်ရိုက်ပြသခွင့်ရနိုင်ရေးကို ကြိုးပမ်းနေတဲ့ Facebook

Oct 07, 2017
730 184

လူမှုကွန်ရက်စာမျက်နှာ Facebook အနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များကို တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ရနိုင်ရေးအတွက် မူပိုင်ခွင့်ဝယ်ယူရန် ကြိုးပမ်းနေကြောင်းသိရှိရပါတယ်။ Facebook အနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်များကို အွန်လိုင်းကတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရန် Amazon နှင့်အပြိုင် ကြိုးပမ်းနေခြင်းဖြစ်ပြီး Amazon နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီအကြားတွင် အကြိုသဘောတူညီမှုများ ရထားသော်လည်း အပြီးသတ်စာချုပ်ချုပ်ဆိုခြင်း မရှိသေးသရွေ့ ၎င်းတို့အနေနှင့် ဆက်လက်ကြိုးပမ်းနေဦးမည် ဖြစ်ကြောင်း Facebook ကအသိပေးချက်ထုတ်ပြန်ထားပါတယ်။

Facebook နဲ့ Amazon တို့ဟာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၃နှစ် သက်တမ်းရှိမည့် ရုပ်သံလွှင့်စာချုပ်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက တင်ဒါခေါ်ယူခဲ့စဉ်ကတည်းက အွန်လိုင်းကတစ်ဆင့် ပရီးမီးယားလိဂ်ပွဲစဉ်များ တိုက်ရိုက်ပြသခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ ဆက်သွယ်စုံစမ်းခဲ့ဖူးပြီး ၎င်းတို့အနေနှင့် ရုပ်သံလွှင့်မူပိုင်ခွင့်ရရှိထားသော BSkyB နှင့် BT ရုပ်သံတို့ထံမှနေ၍ တစ်ဆင့်ခံမူပိုင်ခွင့် ပြန်လည်ဝယ်ယူကာ ပြသမည့်နည်းလမ်းကိုလည်း ထည့်သွင်းစဉ်းစားနေကြောင်းလည်း Facebook ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

အွန်လိုင်းကတစ်ဆင့် ပရီးမီးယားလိဂ်ပွဲစဉ်များ တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ကို Facebook နှင့် Amazon တို့ကို သာ ခွဲခြားရောင်းချပေးလိုက်နိုင်မည်ဆိုပါက ဘီလျံချီသည့် ရုပ်သံလွှင့်ခကို ပရီးမီးယားလိဂ်က ထပ်မံရရှိလာတော့မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီအနေနဲ့ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရုပ်သံလွှင့်မူပိုင်ခွင့်စာချုပ်ကို BSkyB နှင့် BT ရုပ်သံတို့ထံ ရောင်းချခဲ့ရာတွင် ရုပ်သံလွှင့်ခ အကျိုးခံစားခွင့်အဖြစ် ပေါင် ၈ ဒသမ ၄ ဘီလျံအထိ ရရှိထားပါတယ်။

2004 ခုနှစ်ကစတင်ခဲ့တဲ့ Facebook အနေနဲ့လက်ရှိအချိန်မှာ ကမ္ဘာ့လူကြိုက်အများဆုံး လူမှုကွန်ရက်ပလက်ဖောင်းအနေနဲ့ ရပ်တည်လျက်ရှိပြီး အွန်လိုင်းကြော်ငြာလုပ်ငန်းတခုတည်းကနေ ဝင်ငွေ ပေါင် ၂၀ ဘီလီယမ်အထိရရှိထားပါတယ်။ Facebook ရဲ့ပြောကြားချက်အရ လစဉ် ၂ ဘီလီယမ်ရှိတဲ့ သုံးစွဲသူတွေထဲကမှ ၆၅၀ မီလီယမ်လောက်ဟာ အားကစားနဲ့ပတ်သတ်တာကိုနှစ်ခြိုက်သူတွေဖြစ်နေတာကြောင့် လည်း ပရီးမီယားအွန်လိုင်းရုပ်သံထုတ်လွှင့်ခွင့်ကိုသာ ရမယ်ဆိုရင် သုံးစွဲသူအင်အားပိုများပြားလာပြီး အွန်လိုင်းကြော်ငြာလုပ်ငန်းကလည်း ဝင်ငွေပိုကောင်းလာဖို့ရှိတယ်လို့ဆိုပါတယ်။

Ref: Thesun, independent

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
845 shares280 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Leave a Comment

Most from this category