976 Shares 329 Views

iPhone 8 ဘက်ထရီပွင့်ထွက်မှု အစီရင်ခံစာများကိုအလေးအနက်ထား စစ်ဆေးနေတဲ့ Apple

Oct 07, 2017
976 329

iPhone 8 နှင့် iPhone 8 Plus တို့ ဘက်ထရီ ပွင့်ထွက်မှု ပြဿနာဟာလက်ရှိအချိန်မှာ Apple အတွက်တော့ခေါင်းခဲစရာပြသာနာတခုပါဘဲ။ သို့ပေမယ့်လက်ရှိအချိန်မှာ အလုံးရေအနည်းငယ်မှာသာ ဖြစ်နေသေးတာကြောင့် စိုးရိမ်စရာမဟုတ်ဘဲ နိုင်ငံတာမှာရှိတဲ့ ဝယ်ယူသူတွေဆီကတက်လာမယ့် မှတ်ချက်တွေကို Apple အနေနဲ့အလေးအနက်ထား စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာ device ဘယ်နှခုလောက်ထိ ထိခိုက်မှုရှိနေပြီလည်းဆိုတဲ့ မေးခွန်းကိုတော့ Apple ရဲ့ မိုဘိုင်းဆိုင်ရာပြောရေးဆိုခွင့် ရှိသူကငြင်းဆန်ခဲ့ပြီး၊ apple အနေနဲ့ လက်ရှိအချိန်မှာ အရောင်းကိုယ်စားလှယ်တွေဆီက ရောက်လာမယ့် အစီရင်ခံစာတွေကို စောင့်ကြည့်လျက်ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင် အစီရင်ခံစာတွေအရ ရောင်းချထားတဲ့ iPhone အများကြီးထဲကမှ နည်းကျဉ်းတဲ့ပမာဏလောက်မှာ သာဖြစ်နေပြီး ဒါဟာဘက်ထရီပေါက်ကွဲမှုမဟုတ်ပါဘူး။

CNET ထွက်လာတဲ့သတင်းမှာတော့ မတူညီတဲ့၅နိုင်ငံမှာရှိတဲ့ iPhone 8 သုံးစွဲသူတွေဆီကနေ အစီရင်ခံစာ ၆ ခုလောက်ထွက်လာတယ်လို့ဆိုပါတယ်။ ဘက်ထရီပွင့်ထွက်မှုဟာ အားသွင်းတဲ့အချိန်မှာ အဖြစ်များတာကိုတွေ့နေရပြီး၊အချို့သုံးစွဲသူတွေကတော့ ဘူးထဲကထုတ်လိုက်တဲ့အချိန်ထဲက ဆက်ကြောင်းလေးတွေဟနေတာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

ရိုက်တာသတင်းဌာနကတက်လာတဲ့ သတင်းမှာတော့ iPhone 8 Plus ဝယ်ယူခဲ့သူတစ်ဦးဟာ အောက်တိုဘာ 5 ရက်နေ့သူဆီရောက်လာတဲ့ဖုန်းဟာ ပေါက်ကွဲလောင်ကျွမ်းမှု တစုံတရာရှိမနေဘဲ ပါကင်ဖွင့်လိုက်တဲ့အချိန်မှာ အနားသပ်ဆက်ကြောင်းလေးတွေဟနေတယ်လို့ ဆိုပါတယ်။

Apple ရဲ့အဓိကပြိုင်ဘက် Samsung ရဲ့ Note 7 မှာတုန်းကလည်း ဘက်ထရီပြသာနာဖြစ်ပေါ်ခဲ့ပါသေးတယ်။ Note 7 မှာတုန်းကတော့ ဘက်ထရီလောင်ကျွမ်းမှုပြသာနာဖြစ်ခဲ့တာကြောင့် ပြန်လည်သိမ်းယူခဲ့ရပြီး၊ ပြန်လည်လဲလှယ်ပေးခဲ့ရတဲ့ ကုန်ကျစရိတ်တွေလည်း ရှိခဲ့ပါတယ်။

Apple အနေနဲ့ စက်တင်ဘာ 22 ရက်နေ့မှာစတင်ရောင်းချထားတာကြောင် ရက်ပိုင်းမျှသာရှိသေးပြီး နောက်ထပ်စမတ်ဖုန်းတွေမှာ ထပ်ဖြစ်နိုင်အုံးမလားဆိုတော့ စောင်ကြည့်အကဲဖြတ်နေရတဲ့ အချိန်လည်းဖြစ်နေပါတယ်။ ဒီလိုဘက်ထရီပြဿနာတွေဖြစ်နေချိန်မှာတောင် iPhone 8 နဲ့ 8 Plus ရဲ့ရောင်းအားကျဆင်းမသွားပဲ ထပ်မံတိုးတက်နေတုံးပါ။ အချို့ဝယ်ယူသူတွေကတော့ နိုဝင်ဘာ3ရက်နေ့မှာ စတင်ရောင်းချမယ့် iPhone x ကိုသာစောင့်မျှော်လျက်ရှိတယ်လို့ သုံးစွဲသူသုံးသပ်ချက်အစီရင်ခံစာအရ သိရပါတယ်။
Ref: techcrunch

You may be interested

Huawei က Watch GT စမတ်နာရီကို ကြေညာ
Gadgets, Huawei, HUBS
0 shares0 views

Huawei က Watch GT စမတ်နာရီကို ကြေညာ

Ko Thuya - Oct 17, 2018

Huawei က Watch GT အမည်ရ စမတ်နာရီကို ကြေညာလိုက်ပါတယ်။ နာရီဟာ ဘက်ထရီ သက်တမ်း အလွန်ကောင်းပြီး ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးနိုင်ပါတယ်။ သူ့မှာ Cortex-M4 Chipset ထည့်သွင်းထားပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာခြင်းနဲ့ GPS များကို မသုံးရင် ဘက်ထရီ…

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်
Android, HUBS, Lenovo
0 shares0 views

Lenovo က တန်ဖိုးနည်း A5 ကို မိတ်ဆက်

Ko Thuya - Oct 17, 2018

လီနိုဗိုက အိန္ဒိယမှာ တန်ဖိုးနည်း စမတ်ဖုန်းများကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ A5 လည်း ပါဝင်ပြီး ခေတ်စားနေတဲ့ Notch တော့ မပါပါဘူး။ A5 ရဲ့ 2GB/16GB Model ကို ရူပီး ၆၀၀၀ နဲ့ 3GB/32GB Model…

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ
Android, Huawei, HUBS
0 shares21 views

Huawei Mate 20 X နဲ့ Porsche Design Mate 20 RS တို့ကို ကြေညာ

Ko Thuya - Oct 17, 2018

ဟွာဝေးက အရွယ်ကြီး Mate 20 X နဲ့ တန်ဖိုးကြီး Porsche Design Mate 20 RS တို့ကို ကြေညာလိုက်ပါတယ်။ Mate 20 X မှာ ၇.၂ လက်မ မျက်နှာပြင်၊ 5000mAh Battery…

Leave a Comment

Most from this category