216 Shares 35 Views

Boeing က ကားပျံ ကုမ္ပဏီကို ၀ယ်ယူ

Oct 07, 2017
216 35

လေယာဉ်နဲ့ အာကာသယာဉ်များ ထုတ်လုပ်တဲ့ Boeing က Aurora Flight ကို ၀ယ်ယူမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ ကုမ္ပဏီဟာ လေယာဉ်နဲ့ အာကာသယာဉ်များကို သုတေသနပြုလုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပြီး တက္ကစီကားပျံများ ထုတ်လုပ်ဖို့ Uber နဲ့ ပူးပေါင်း အလုပ်လုပ်နေတဲ့ ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်ပါတယ်။

ဗာဂျီးနီးယား ပြည်နယ် Manassas အခြေစိုက် Aurora Flight ဟာ မောင်းသူမဲ့ ယာဉ်ပျံများကို အထူးပြု ဖန်တီးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ သူ့ကို ၁၉၈၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး လက်ရှိအချိန်အထိ လူမပါတဲ့ ယာဉ်ပျံစမ်းသပ်မှုပေါင်း ၃၀ ကျော်ကို ပြုလုပ်ခဲ့ပြီးပါပြီ။ Boeing က သူ့ကို ၀ယ်ယူခြင်းဟာ ကုမ္ပဏီရဲ့ မောင်းသူမဲ့ နည်းပညာနဲ့ ထူးခြားဆန်းသစ်တဲ့ ယာဉ်ပျံများကို ထုတ်လုပ်ဖို့ အတွက် အဓိက အထောက်အကူဖြစ်လာမယ်လို့ ပြောပါတယ်။

“ ကုမ္ပဏီနှစ်ခု နည်းပညာ ပူးပေါင်းခြင်းဖြင့် စစ်တပ်သုံး စနစ်များနဲ့ စီးပွားဖြစ် ထုတ်လုပ်မှုများအတွက် မောင်းသူမဲ့ နည်းပညာကို တိုးတက်စေမှာ ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ အဖွဲ့ကြီး ဖြစ်လာမှာ ဖြစ်ပြီး ဆန်းသစ်တဲ့ နည်းပညာများဖြင့် ဈေးကွက်သစ်များ ရရှိလာမှာ ဖြစ်ပါတယ်။ “ လို့ Boeing Engineering ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ ဖြစ်သူ Greg Hyslop က ပြောပါတယ်။

Aurora Flight ဟာ Uber အတွက် ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်တဲ့ တက္ကစီ ကားပျံများကိုလည်း တည်ဆောက်ရာမှာလည်း သုတေသနပြုလုပ်ပေးခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ref : theverge

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
845 shares280 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Leave a Comment

Most from this category