518 Shares 117 Views

‘ Selfie-expert ‘လို့ဆိုနိုင်မယ့် ‘Oppo F5 ရဲ့ဗီဒီယိုနဲ့ ဓာတ်ပုံများ ပေါက်ကြား

Oct 07, 2017
518 117

Oppo ရဲ့ ပထမဦးဆုံး 18: 9 အချိုးနဲ့ထွက်လာမယ့်စမတ်ဖုန်း F5 ရဲ့ဓာတ်ပုံတွေသာမက ဗီဒီယိုဖိုင်ပါထွက်ပေါ်လာပါတယ်။ ဒါဟာမိတ်ဆက်ပွဲမတိုင်ခင်ထပ်မံထွက်ပေါ်လာတဲ့ video ဖိုင်ဖြစ်ပြီး အရှေ့ဘက်ကင်မရာပိုင်းကိုသာ ဦးစားပေးပြသသွားပါတယ်။ အရှေ့ဘက်ကင်မရာနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ ပြည့်စုံကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးရနိုင်စေဖို့ မာစတာ selfie snapper ဖြစ်အောင် Oppo F5 ကို အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

ဖုန်းရဲ့နောက်ဆုံးပေါ်ဒီဇိုင်းနဲ့အတူ ဖုန်းကိုအသုံးပြုပြီး Selife ရိုက်ကူးနေတဲ့ မော်ဒယ်တွေရဲ့ပုံရိပ်တွေပါ မြင်တွေ့ခဲ့ပါတယ်။ ABS-CBN lifestyle ကတင်တဲ့ video ဖိုင်မှာတော့ မော်ဒယ်တွေရဲ့ အမျိုးမျိုးသော ပြင်ဆင်မှုတွေကို F5 နဲ့ရိုက်ကူးနေကြတာဖြစ်ပါတယ်။ အသစ်ထွက်လာမယ့်ဖုန်းရဲ့ အရှေ့ဘက်ရော၊နောက်ကျောဘက်ကိုပါမြင်တွေ့ခဲ့ရပြီး Display ဟာကျဉ်းမြောင်းတဲ့ဘေးဘောင်တွေနဲ့အတူ မျက်နှာပြအပြည့်နီးပါး 18:9 အချိုးနဲ့ဖြစ်ပါတယ်။ 16MP အရည်အသွေးရှိတဲ့ dual camera ကို အရှေ့ဘက်မှာ တပ်ဆင်ပေးထားပြီး၊နောက်ကျောဘက်မှာတော့ 20MP ကင်မရာတစ်လုံးသာပါဝင်မှာဖြစ်ပါတယ်။

ဖုန်းမှာထည့်သွင်းထားမယ့်အခြားအချက်အလက်တွေကတော့ 6 လက်မအရွယ် screen နဲ့အတူ Snapdragon 660 ပရိုဆက်ဆာ ၊ 4,000mAh ဘက်ထရီ၊ 64GB အချက်အလက် သိုလှောင်မှုနဲ့ 6GB RAM ပါဝင်လာမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာရှိတဲ့ OPPO သုံးစွဲသူတွေအတွက် Facebook ပေါ်မှာ hashtags ကမ်ပိန်းတခုကိုပြုလုပ်နေလျက်ရှိနေပြီး #OPPOF5 စာသားနဲ့ #CaptureTheRealYou ဆိုတာကိုရိုက်လိုက်တာနဲ့ Oppo F5 အတွက်နာမည်ကျော်မော်ဒယ် တွေတင်ထားတဲ့ပုံတွေ အများကြီးတွေ့နိုင်မှာပါ။ ဖိလစ်ပိုင်နိုင်ငံအတွက်တူညီတဲ့ကြော်ငြာကမ်ပိန်း ဖြစ်ပြီး ယခု 26 ရက်နေ့မှာထွက်လာမယ် လို့သိရပါတယ်။ ဈေးနှုန်းကိုတော့ မဖော်ပြထားသေးပါဘူး။

ref : gsmarena

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category