445 Shares 192 Views

Google Pixel Buds vs Apple AirPods –ဘယ်သူပိုသာသလဲ ?

Oct 06, 2017
445 192

Google အနေနဲ့ဌင်းရဲ့ စွမ်းဆောင်ရည်မြင့် Pixel ဖုန်းများဖြစ်တဲ့ Pixel 2 နှင့် Pixel 2 XL မိတ်ဆက်ပေးခဲ့ပါတယ်။ မော်ဒယ်အသစ်ဖုန်းတွေမှာ Apple လိုပဲ Google အနေနဲ့ headphone jack ပေါက်ကိုဖယ်ရှားလိုက်ပါတယ်။ လက်ရှိအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ apple ရှေ့ကသွားခဲ့တဲ့ လမ်းစဉ်အတိုင်း သူ့တို့ကုမ္မဏီကထုတ်ထားတဲ့ ကြိုးမဲ့နားကျပ်တွေကို သုံးစေနိုင်ဖို့အတွက် headphone jack တွေကိုဖယ်ထုတ်လာပါတယ်။ ဒါပေမယ့် Google ကတော့ Pixel Buds ကိုခေါ်၎င်း၏ကိုယ်ပိုင် branded ကြိုးမဲ့ earbuds ကြေညာခြင်းဖြင့်လူတိုင်းကိုအံ့အားသင့်စေခဲ့ပါတယ်။ Pixel Buds ကိုအပေါ်ယံ အမြင်အားဖြင့် ကြည့်လိုက်မယ်ဆိုရင် airpod နဲ့တူညီတဲ့အပိုင်းတွေကို မြင်ရပါတယ်။ တကယ်တမ်းမှာတော့ သူတို့၂ခုကြားမှာ ကွဲပြားခြားနားချက်တွေ ရှိနေပါတယ်။ လူတိုင်းကတော့ Google ထက်စာရင် Apple ရဲ့ဒီဇိုင်းဆန်းသစ်မှုပိုင်းကို ပိုကြိုက်ကြမှာပါ။ သို့ပေမယ့် လုပ်ဆောင်ချက်အပိုင်းမှာကြည့်လိုက်မယ်ဆိုရင် Apple ရဲ့ကိုယ်ပိုင်ကြိုးမဲ့နားကျပ် ဟာ iPhone 8 ထွက်တဲ့အချိန်မှာ upgrade ပြုလုပ်ထားတာမတွေ့ခဲ့ရပါဘူး။ အောက်မှာတော့ Google’s Pixel Buds နဲ့ Apple’s AirPods အချက်အလက်နှိုင်းယှဉ်ချက်တွေကို ပြသပေးထားပါတယ်။

Pixel Buds

ကွန်ရက်ဆက်သွယ်မှု: ဘလူးတုသ်
အလေးချိန်: 14 ဂရမ်
ကြိုးမဲ့အားသွင်းစနစ်: ပါဝင်
ဘက်ထရီ: 120 mAh ဘက်ထရီ
ဘက်ထရီသက်တမ်း : 5 နာရီ
ဆင်ဆာစနစ် : မိုက်ကရိုဖုန်း, Accelerometer, capacitive touchpad

AirPods

ကွန်ရက်ဆက်သွယ်မု: ဘလူးတုသ်, W1 chip ကို
အလေးချိန်: 4 ဂရမ်
ကြိုးမဲ့အားသွင်းစနစ်: ပါဝင်
ဘက်ထရီ: 62 mAh ဘက်ထရီ
ဘက်ထရီသက်တမ်း : 5 နာရီ
ဆင်ဆာစနစ်: Dual beam-forming microphones, Dual-optical sensor များ အလိုအလျောက်လှုပ်ရှားမှုသိစနစ,် Accelerometer, စကားပြောလိုက်သံကို ချက်ချင်သိနိုင်စွမ်း

ခြံငုံသုံးသပ်ချက်

Apple အနေနဲ့ ကွန်ရက်ချိတ်ဆက်ပိုင်းမှာစတင်သာသယောင်ရှိလာပြီး အလေးချိန်အရလည်း airpods ကပိုပေါ့ပါးနေပါတယ်။ တူညီတဲ့ဘက်ထရီသက်တမ်းရှိကြပြီး Pixel Buds ရဲ့ဘက်ထရီကပိုကြီးနေပါတယ်။ အလိုအလျောက်သိမှုစနစ်မှာတော့ Apple ကအပြတ်အသတ်သာနေပြီး နိုင်ငံတကာဘာသာပြန်နိုင်စွမ်းမှာ တော့အခြေခံ AI စနစ်ပါတဲ့ Pixel Buds ကိုလုံးဝယှဉ်လို့မရနိုင်ပါဘူး။ ပြီးတော့ Pixel Buds မှာစတိုင်တခုလို့ဆို ပေမယ့် စိတ်ရှုပ်စရာကောင်းလှတဲ့ လည်ပတ်ကြိုးရှိနေပါတယ်။ Airpod ကတော့လုံးဝဖန်စီဆန်တဲ့ ဒီဇိုင်းပါ။ ဈေးနှုန်းပိုင်းအရကြည့်လိုက်မယ်ဆိုရင်လည်း တူညီနေပါတယ်။ ဒါကြောင့်သင့်အသုံးပြုတဲ့ ဖုန်းအမျိုးအစားပေါ်မူ တည်ပြီးရွေးချယ်တာက မှန်ကန်တဲ့ရလာဒ်ဖြစ်မှာပါ။

Ref: knowyourmobile

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category