396 Shares 76 Views

Google က Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းများအတွက် ၃ နှစ်အထိ OS Update ပေးမည်

Oct 06, 2017
396 76

Apple iOS Device များဟာ OS Update ထွက်ရှိတာနဲ့ တစ်ကမ္ဘာလုံးကနေ ချက်ချင်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Android Device များမှာတော့ ဖုန်းထုတ်လုပ်သူများဟာ Android OS ကို သူတို့ကိုယ်ပိုင် Skin များနဲ့ ပေါင်းစပ်ရတဲ့အတွက် OS Update ထွက်ရှိပြီး လပေါင်းများစွာကြာမှ အသုံးပြုနိုင်ပါတယ်။ ဒါတောင် ဖုန်းထုတ်လုပ်သူများက တန်ဖိုးကြီး ဖုန်းများအတွက်သာ ဖန်တီးပေးခြင်းဖြစ်ပြီး တော်တော်များများဟာ OS အဟောင်းကိုသာ အသုံးပြုကြရပါတယ်။

Google ရဲ့ Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းများမှာတော့ Stock Android or Pure Android ကို အသုံးပြုထားတဲ့အတွက် Apple iOS Device များမှာလို OS Update ထွက်ရှိတာနဲ့ ချက်ချင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Google က Pixel Event မှာ အဲဒီဖုန်းများအတွက် ၃ နှစ်အထိ OS Update ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

ယခင်နှစ်ထုတ် Pixel Phones များနဲ့ သူ့အရင်ထုတ် Nexus Phones များကတော့ ၂ နှစ်အထိသာ OS Update ရရှိခြင်း ဖြစ်ပါတယ်။ Pixel 2 နဲ့ Pixel 2 XL တို့ကတော့ Android O နဲ့ ပွဲထွက်လာပြီး နောက်နှစ်များမှာ ဖြန့်ချီမယ့် Android P, Android Q , Android R တို့ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ အလွန်ကောင်းတဲ့ Google ရဲ့ ၀န်ဆောင်မှု ဖြစ်ပြီး Pixel 2 , Pixel 2 XL တို့ကို ၀ယ်ယူဖို့ အကောင်းဆုံး အကြောင်းပြချက်တစ်ခု ဖြစ်ပါတယ်။

ref : androidauthority

You may be interested

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ
Xiaomi
353 shares34 views

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ

Tha Ra - Jul 16, 2018

[Zawgyi] Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ ၃ရက်သာ လိုပါတော့တယ်။ Mi Max 2 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ…

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု
FEATURES, Mobile & Tablets
357 shares62 views

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု

Ko Thuya - Jul 16, 2018

OnePlus 6 ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းပါ။ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာလည်း အံ့မခန်းပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်များလည်း ပါရှိပါတယ်။ ဈေးနှုန်း ၂၀၁၄ ခုနှစ် ဇွန်လမှာ OnePlus One ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။…

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ
Apple, NEWS
107 shares43 views

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ

Nwe Oo - Jul 16, 2018

[Zawgyi] Apple MacBook Pro အသစ်ရဲ့ကီးဘုတ်တွေကတော့ အရင်တုန်းက လပ်တော့ပ်တွေလောက် အသံသိပ်မမြည်တော့ပါဘူး။ အရင်တစ်လတုန်က ကီးဘုတ်ပြင်ဆင်တဲ့အစီအစဉ်ကြောင့် ကီးဘုတ်ပြဿနာတွေဖြေရှင်းနိုင်ခဲ့လို့အဆင်ပြေပေမယ့် အရမ်းကြီးပြောင်းလဲမသွားတဲ့ ကီးဘုတ်ဒီဇိုင်းကြောင့် ထပ်ပြီးဖုန်ဝင်ပြဿနာတွေဖြစ်ဦးမလား တော်တော်များများစိတ်ပူနေကြပါတယ်။ ဒါတွေသိရအောင် iFixit ကနေ ကီးဘုတ်ရဲ့ ကီးတွေကိုလှန်စစ်ဆေးကြည့်တဲ့အခါမှာ ဒီတစ်ခေါက် MacBook Pro…

Leave a Comment

Most from this category