110 Shares 30 Views

Hybrid Electric Jet များကို ၂၀၂၂ ခုနှစ်မှာ စီးနင်းနိုင်မည်

Oct 06, 2017
110 30

လောင်စာဆီ ၊ လျှပ်စစ် နှစ်မျိုးသုံး ဂျက်လေယာဉ်များကို ၂၀၂၂ ခုနှစ်မှာ ရောင်းချမယ်လို့ Zunum Aero က ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက ခရီးစားရိတ်သက်သာစေပြီး ခရီးတိုများအတွက် အဆင်ပြေမယ့် လေယာဉ်များကို ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

ကုမ္ပဏီက ၂၀၂၂ ခုနှစ်မှာ မိုင် ၇၀၀ မောင်းနှင်နိုင်တဲ့ နှစ်မျိုးသုံး လေယာဉ်ကို တီထွင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ၂၀၃၀ ခုနှစ်အရောက်မှာ သူ့ရဲ့ လေယာဉ်ဟာ မိုင် ၁၀၀၀ ပျံသန်းနိုင်ဖို့ ရည်မှန်းထားပါတယ်။ ကုမ္ပဏီက သူတို့ရဲ့ လေယာဉ်ဟာ တစ်နာရီလျှင် ၃၆၀ မိုင်နှုန်းဖြင့် ပျံသန်းနိုင်ပြီး ဓါတ်ငွေ့ထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်း သက်သာစေမယ်လို့ ပြောပါတယ်။ သူ့ရဲ့ လေယာဉ်ဟာ လူ ၁၂ ဦးစီး လေယာဉ်ငယ်ဖြစ်ပါတယ်။

“ ခရီးဝေးအတွက်တော့ လောင်စာဆီသုံး လေယာဉ်များဟာ အလွန် ကောင်းပါတယ်။ ဒါပေမယ့် ခရီးတိုများအတွက်တော့ လျှပ်စစ်သုံး လေယာဉ်များက ပိုမို သင့်တော်ပါတယ်။ ကုမ္ပဏီက ဈေးနှုန်းသက်သာစွာဖြင့် ပြည်တွင်းတွင် ခရီးသွားနိုင်ဖို့ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ အရွယ်သေးငယ်တဲ့ လေယာဉ်များဟာ ရှည်လျားတဲ့ ပြေးလမ်း မလိုအပ်ပါဘူး။ “ လို့ ကုမ္ပဏီရဲ့ အကြီးအကဲတစ်ဦး ဖြစ်သူ Matt Knapp က ပြောပါတယ်။

လူတစ်ဦးအတွက် လက်မှတ်ဈေးနှုန်းဟာလည်း ဒေါ်လာ ၁၂၀ ကနေ ၁၄၀ အတွင်းသာ ရှိမယ်လို့ တွက်ချက်ထားကြပါတယ်။ လေယာဉ်များဟာ ပျံသန်းဖို့အတွက် စွမ်းအင် အများအပြား အသုံးပြုပါတယ်။ အဲဒီအတွက် ဘက်ထရီတစ်ခုထဲကိုသာ အားကိုးဖို့အတွက် အခက်အခဲများ ရှိနေပါသေးတယ်။

ref : theverge

You may be interested

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

Android Device က ရုပ်ရှင်၊ ဗီဒီယိုတွေကို TV မှာ ကြည့်ရှုနည်းများ

Ko Thuya - Mar 26, 2019

သင့်ရဲ့ Android Device မှ ဓါတ်ပုံ၊ ဗီဒီယိုများကို တီဗီမှာ ကြည့်ချင်ရင် ချိတ်ဆက်နည်းများစွာ ရှိပါတယ်။ သင့်ရဲ့ဖုန်းကို စမတ်တီဗီများနဲ့သာ ၀ိုင်ဖိုင်ဆက်သွယ်မှုကနေ ကြိုးမဲ့ ချိတ်ဆက်နိုင်တာ မဟုတ်ဘဲ သာမာန်တီဗီများနဲ့လည်း ကြိုးမဲ့ သို့မဟုတ် ကြိုးဖြင့် ချိတ်ဆက်နည်းများ ရှိပါတယ်။ WiFi…

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား
Mobiles & Tablets, NEWS
9 shares3 views

Sharp ကလည်း Foldable ဖုန်း ထုတ်တော့မှာလား

Nigma - Mar 26, 2019

မိုဘိုင်းနည်းပညာရဲ့ နောက်ထပ် ဆန်းသစ်မှုတခုကတာ့ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆည် Foldable ဖုန်းဆိုလို့ Samsung နဲ့ Huawei တို့ပဲ ကောင်းကောင်း ရှိပါတယ်။ မကြာမီအချိန်အတွင်း Xiaomi, Lenovo, Motorola စတဲ့ ကုမ္ပဏီတွေလည်း…

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei
Android, Apple, Huawei
39 shares36 views

P30 မိတ်ဆက်ပွဲကို ပွဲဆူအောင် လုပ်ပေးတယ်ဆိုပြီး Apple အား ခနဲ့လိုက်တဲ့ Huawei

Ko Thuya - Mar 26, 2019

Apple က မနေ့က ၀န်ဆောင်မှု အသစ်များကို မနေ့ကပဲ ကြေညာလိုက်ပါတယ်။ ဟွာဝေးက ဒီနေ့မှာ P30 Series များကို မိတ်ဆက်တော့မှာပါ။ သူတို့ရဲ့ မိတ်ဆက်ပွဲများက အချိန်တိုက်ဆိုင်သွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး Huawei Ireland က Apple ကို…

Leave a Comment

Most from this category