131 Shares 30 Views

မောင်းသူမဲ့ ရထား စမ်းသပ်လိုက်တဲ့ သြစတြေးလျ

Oct 06, 2017
131 30

မောင်းသူမဲ့ ကားများ စမ်းသပ်နေတဲ့ သတင်းများကိုတော့ တော်တော်များများ တွေ့ခဲ့ကြရပြီးပါပြီ။ အခုတော့ မောင်းသူမဲ့ ရထားကို စမ်းသပ်ပြေးဆွဲတဲ့ သတင်းထွက်ပေါ်လာပါတယ်။ သြစတြေးလျမှ မိုင်း ကုမ္ပဏီ Rio Tinto က ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ ရထားကို အလုပ်မှာ အသုံးပြုဖို့ ရည်မှန်းထားပါတယ်။ ကုမ္ပဏီက သူ့ရဲ့ အနောက် သြစတြေးလျရှိ Rio Tinto ရဲ့ လုပ်ငန်းများရှိတဲ့ Pilbara ဒေသမှာ စမ်းသပ်ခဲ့ခြင်း ဖြစ်ပါတယ်။

သူ့ရဲ့ ရထား အမည်ကို AutoHaul လို့ ပေးထားပြီး မိုင် ၆၀ ခရီးကို စမ်းသပ်မောင်းနှင်စေခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံးအကြိမ် စမ်းသပ်မှု ဖြစ်ပြီး ဘေးအန္တရာယ် ကင်းစေဖို့ လူတစ်ယောက်မှ လိုက်ပါစီးနင်းခြင်း မရှိဘူးလို့သိရပါတယ်။ သူ့ရဲ့ ရထားကို လူများ မဟုတ်ဘဲ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ဖို့အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

မောင်းသူမဲ့ ရထား စမ်းသပ်မှုကို အမျိုးသား ရထား ဘေးကင်းလုံခြုံရေး အရာရှိများနဲ့ ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်လေ့လာခဲ့ကြပါတယ်။ “ မောင်းသူမဲ့ ရထား စမ်းသပ်မှု အောင်မြင်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ ရထားကွန်ယက်ဟာ တကယ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ထုတ်လုပ်မှုကို တိုးတက်စေမှာ ဖြစ်ပါတယ်။ “ လို့ ကုမ္ပဏီမှ အရာရှိ ဖြစ်သူ Chris Salisbury က ပြောပါတယ်။

ယခုနှစ် ပထမသုံးလထဲမှာ ကုမ္ပဏီဟာ မောင်းသူမဲ့ ရထား စီမံကိန်းကို စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြင်သစ်ကလည်း ၂၀၂၃ ခုနှစ်မှာ မောင်းသူမဲ့ ရထားများဖြင့် ခရီးသည်များကို ပို့ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။

ref : digitaltrends

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
118 shares40 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Leave a Comment

Most from this category