124 Shares 27 Views

အိန္ဒိယမိုဘိုင်းဈေးကွက်အတွက် 4G featurephone ထုတ်ဖို့ပြင်ဆင်နေတဲ့ HMD

Oct 06, 2017
124 27

နိုကီယာစမတ်ဖုန်းတွေကို ထုတ်လုပ်နေတဲ့ HMD အနေနဲ့ အိန္ဒိယမှာ 3G ဖုန်း Nokia 3310 (2017) ကိုမိတ်ဆက်ပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဈေးကွက်လေ့လာ့ဆန်းစစ်မှုအရ 2G ဖုန်း 4G ဖုန်းတွေကသာ ပိုမိုရောင်းချနိုင်ရနိုင်ပြီး ဒေသခံတွေအနေနဲ့လည်း 3G feature ဖုန်းများကို မလိုအပ်လောက်ဘူးလို့ ဆိုပါတယ်။

HMD ဂလိုဘယ်၏ဒုတိယဥက္ကဌ အဂျေးမန်သာနဲ့အင်တာဗျူးအဖြေအရ အိန္ဒိယနိုင်ငံသားများအတွက် HMD ဟာ ဈေးသက်သာပြီးစွမ်းဆောင်ရည်ကောင်းတဲ့ 4G featurephone တလုံးထုတ်လုပ်ပေးဖို့ ပြင်ဆင်နေပါတယ် လို့ပြောကြားခဲ့တာပါ။

သူအနေနဲ့ Reliance Jio ရဲ့ JioPhone ဘာကြောင့်အောင်မြင်နေသလဲဆိုရင် လူတစ်ဦးခြင်းတတ်နိုင်တဲ့ 4G feature ဖုန်းတွေကို ဈေးကွက်အတွင်းတင်သွင်းရောင်းချနိုင်နေလို့ပါ လို့ ညွှန်းဆိုပြောကြားသွားပါတယ်။ ပြီးပြည့်စုံတဲ့ ဈေးကွက်ကျွမ်းကျင်သူတဦးဆိုရင် သူ့အနေနဲ့ ဘယ်လိုဈေးကွက်မျိုးနဲ့ သင့်တော်တဲ့ ဖုန်းမျိုးတွေ ဖြန့်ချိရမယ်ဆိုတာ ရွေးချယ်စဉ်းစားပြီးဖြစ်နေမှာပါလို့ အဂျေးက ပြောပါသေးတယ်။

HMD အနေနဲ့ ယခုနှစ်အတွင်းမှာ နိုင်ငံတကာဈေးကွက်ကို နိုကီယာဖုန်းတွေနဲ့ပြန်လည်ဝင်ရောက်လာခဲ့ပြီး 3310 ရဲ့မွမ်းမီဗားရှင်းဟာ အတော်လေးကြိုက်နှစ်သက်မှုများပြားခဲ့ပါတယ်။ အထူးသဖြင့် ဈေးကွက်အတွင်းမှာ ဝယ်လိုအားများပြားတဲ့ Mid Range ဖုန်းဈေးကွက်ကို Nokia 3, Nokia 5 နဲ့ Nokia 6 ဖုန်းတွေနဲ့ အမြောက်အများရောင်းချနေတာဖြစ်ပါတယ်။ ဒါအပြင် အမြင့်ပိုင်းအတွက်လည်း Flagship ဖုန်းဖြစ်တဲ့ Nokia 8 ဖုန်းကို ထုတ်ထားပါသေးတယ်။

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares0 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares25 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category