129 Shares 69 Views

Lenovo က ၂၅ နှစ်ပြည့် အထူးထုတ် ThinkPad Laptop ကို ပြသ

Oct 06, 2017
129 69

IBM က ပထမဆုံး ThinkPad ကို လွန်ခဲ့တဲ့ ၂၅ နှစ်အကြာက မိတ်ဆက်ခဲ့ပါတယ်။ Lenovo က အဲဒီနောက်ပိုင်းမှာ IBM ထံကနေ ThinkPad ကို ၀ယ်ယူခဲ့ပြီး အခုတော့ ThinkPad ထုတ်လုပ်မှု ၂၅ နှစ်ပြည့်အဖြစ် အထူးထုတ် ThinkPad Laptop ကို မိတ်ဆက်လိုက်ပါတယ်။ အထူးထုတ် ThinkPad ဟာ ThinkPad T470 Model ကို အခြေပြု တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။

အထူးထုတ် ThinkPad မှာ စွမ်းဆောင်ရည်မြင့် Specifications များကို ထည့်သွင်းထားပါတယ်။ Intel ရဲ့ သတ္တမမျိုးဆက် Core i7 Processor တပ်ဆင်ထားပါတယ်။ 16GB RAM , 512GB SSD Storage , Nvidia GeForce 940MX Graphics Chip များပါရှိပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ စံနှုန်း Ports များပါရှိပြီး USB-C Port (Thunderbolt 3) တစ်ခု၊ သာမာန် USB Port သုံးခု၊ SD Card Reader တစ်ခု ၊ HDMI Port တစ်ခု၊ Ethernet Port တစ်ခု ပါပါတယ်။ Windows 10 မှာ Windows Hello ဖြင့် Login ၀င်နိုင်မယ့် လက်ဗွေရာအာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

စွမ်းရည်မြင့်မားသလို အထူးထုတ် ThinkPad ဟာ ဈေးနှုန်းလည်း မြင့်မားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၁၈၉၉ ဒေါ်လာ တန်ကြေးရှိပါတယ်။ အဲဒီလက်တော့ကို အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။

ref : theverge

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
845 shares280 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Leave a Comment

Most from this category