114 Shares 73 Views

မိခင်များအတွက် စမတ်နို့ညှစ်စက်

Oct 05, 2017
114 73

ယနေ့ခေတ်မှာ ဖခင်များ သာမက မိခင်များပါ အပြင်ထွက် အလုပ်လုပ်နေကြတဲ့အတွက် နို့ညှစ်စက်ကို အသုံးပြု၍ အိမ်မှာ ကျန်နေတဲ့ ကလေးငယ်အတွက် အစာအာဟာရကို ထုတ်လုပ်ကြရပါတယ်။ မိခင်များအတွက် နို့ညှစ်စက်များစွာ ထွက်ပေါ်နေပေမယ့် မိခင်များအတွက် ပိုမို အဆင်ပြေစေမယ့် စမတ်နို့ညှစ်စက်များကိုလည်း ထုတ်လုပ်နေကြပါတယ်။ အခုလည်း နို့ညှစ်စက်များကို ထုတ်လုပ်တဲ့ နာမည်ကျော် Medela Company က Sonata အမည်ရ စမတ်နို့ညှစ်စက်ကို ဖန်တီးလိုက်ပါတယ်။ သူက ဆေးရုံအဆင့် နို့ညှစ်စက်များလောက်တောင် စွမ်းရည်မြင့်မားတယ်လို့ ပြောပါတယ်။

သူနဲ့ တွဲဖက် အသုံးပြုနိုင်မယ့် MyMedela App ကိုလည်း ဖန်တီးပေးထားပါတယ်။ App ကနေ ကလေးရဲ့ ကျန်းမာရေးကို လေ့လာနိုင်ပြီး ကျွမ်းကျင်ပညာရှင်များရဲ့ အကြံပြုချက်များကို ပံ့ပိုးပေးထားပါတယ်။ Medela ရဲ့ ဒီဇိုင်းဌာနမှ ဒါရိုက်တာ ဖြစ်သူ Deanna Gilbert က “ Sonata ကို ဖန်တီးတဲ့အခါမှာ အကောင်းဆုံး ဖြစ်စေဖို့ မိခင်နဲ့ မိသားစုများစွာထံမှ အကြံဥာဏ်များကို ရယူခဲ့ပါတယ်။ ကုမ္ပဏီက မိခင်များအတွက် အကောင်းဆုံးကို ဖန်တီးပေးချင်တာပါ။ ဒီကိရိယာကို ဖန်တီးနိုင်လာတဲ့ အတွေးအခေါ်များကို ဂုဏ်ယူမိပါတယ်။ “ လို့ ပြောပါတယ်။

သူ့မှာ Responsive Pump နည်းပညာကို အသုံးပြုထားပြီး မိခင်ရဲ့ ကိုယ်ခန္တာနဲ့ ပတ်ဝန်းကျင်ကို အခြေပြုပြီး သက်တောင့်သက်သာရှိစေဖို့ သူက ကိုယ့်ကိုကိုယ် ပုံသဏ္ဍာန်ပြောင်းနိုင်ပါတယ်။ သူဟာ အခြား နို့ညှစ်စက်များလို အသံဆူညံခြင်းလည်း မရှိတဲ့အတွက် ညဘက်များမှာ အသုံးပြုလို့တောင် ရပါတယ်။ သူ့ရဲ့ အလေးချိန်ကလည်း ၂ ပေါင်သာ ရှိတဲ့အတွက် နို့ညှစ်တဲ့ အခါမှာ သက်တောင့်သက်သာရှိစေပါတယ်။ App ကနေ Timer, Alerts များကို ပြသပေးတဲ့အတွက် နို့ညှစ်ဖို့ မေ့နေခြင်းများ မဖြစ်တော့ပါဘူး။

ကလေးငယ်အား နို့တိုက်ကျွေးခြင်းနဲ့ ပတ်သက်တဲ့ အကြံပြုချက်များကိုလည်း App မှာ လေ့လာနိုင်ပါတယ်။ ကလေးရဲ့ ကိုယ်အလေးချိန်၊ အိပ်စက်မှု ပုံသဏ္ဍာန်များ၊ သေးခံ လဲလှယ်မှုများ စတဲ့ မှတ်တမ်းများကို App က သိမ်းဆည်းပေးထားပါတယ်။

ref : mashable

You may be interested

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ
FEATURES, Mobile & Tablets, Softwares & Application
0 shares0 views

ပီစီမှာ မိုဘိုင်းဒေတာကို သုံးတဲ့အခါ ဒေတာ သက်သာစေမယ့် နည်းလမ်းများ

Ko Thuya - Apr 23, 2018

Desktop Version Website များဟာ Broadband Connection တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ မိုဘိုင်းဗားရှင်းဝက်ဆိုက် အပါအ၀င် အခြားဝက်ဆိုက်များထက် အရွယ်အစားကြီးမားပါတယ်။ အဲဒီအတွက် ဖုန်းမှာ Tether ပြုလုပ်ပြီး ကွန်ပြူတာမှာ အင်တာနက် အသုံးပြုရင် တစ်နည်းအားဖြင့် ဖုန်းမှ အင်တာနက်ကို…

အကောင်းဆုံး Offline Android Apps များ
FEATURES, Softwares & Application
112 shares26 views

အကောင်းဆုံး Offline Android Apps များ

Ko Thuya - Apr 23, 2018

အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်းဒေတာ သက်သာစေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာရောက်နေလို့ပဲ ဖြစ်ဖြစ် Offline အသုံးပြုနိုင်တဲ့ Android Apps များစွာ ရှိပါတယ်။ အဲဒီအတွက် အကောင်းဆုံး Offline Android Apps…

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့
NEWS, Tech Update
77 shares48 views

ရှာဖွေဖတ်ရှုရ ပိုလွယ်ကူဖို့ Wikipedia မှာ Page Preview အသစ်ထည့်သွင်းခဲ့

Nwe Oo Thant - Apr 23, 2018

[Zawgyi] ဒီတစ်ပတ်မှာတော့ Wikipedia ကနေ page previews ဆိုတဲ့ အသုံးဝင်တဲ့ feature သစ်လေးကို ထပ်ထည့်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကိုပြန်ကြည့်လိုက်လို့ Desktop Wikipedia တွေမှာ ကြီးကြီးမားမားပြောင်းလဲသွားတာကိုပြပါဆိုရင် ဒီ feature သစ်လေးကိုပြရမှာဖြစ်ကြောင်း Wikimedia ဖောင်ဒေးရှင်းကဆိုခဲ့ပါတယ်။ သူကတော့ စာဖတ်သူတွေအတွက်…

Leave a Comment

Most from this category