1153 Shares 293 Views

မိတ်ဆက်ပြီး ၃ နာရီအကြာမှာပဲ Google Pixel 2 စမတ်ဖုန်းများ ပစ္စည်းပြတ်ပြီ

Oct 05, 2017
1153 293

Google Pixel 2 မိတ်ဆက်ပွဲ ကျင်းပအပြီး ၃ နာရီအကြာမှာပဲ Google Store မှာ Pixel 2 စမတ်ဖုန်းများ ပစ္စည်းပြတ်သွားပြီလို့ သိရပါတယ်။ Google က အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပို့ဆောင်ပေးဖို့လျာထားပေမယ့်လည်း နောက်ပိုင်းမှ ၀ယ်ယူသူများအတွက် ရက်သတ္တပတ် အနည်းငယ်ကြာ စောင့်ဆိုင်းရဦးမှာ ဖြစ်တယ်လို့ Google Store မှာ ရေးသားထားပါတယ်။

အရွယ်သေး Pixel 2 ရဲ့ အနက်ရောင်ကို ၀ယ်ယူလို့ရသေးပေမယ့် အဖြူနဲ့ အပြာရောင်များကတော့ ပစ္စည်းပြတ်သွားပါပြီ။ အရွယ်ကြီး Pixel 2 XL ရဲ့ အနက်ရောင်ကတော့ ပစ္စည်းပြတ်သွားပြီး ၂ ပတ်ကနေ ၃ ပတ်အထိ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အဖြူရောင်မော်ဒယ်ကလည်း ပစ္စည်းပြတ်သွားပြီး ၀ယ်ယူနိုင်မယ့် အချိန်ကိုတောင် ဖော်ပြထားခြင်း မရှိပါဘူး။

Google Store အပြင် အမေရိကန်မှာ Verizon ကနေလည်း Pixel 2 နဲ့ Pixel 2 XL တို့ကို ရောင်းချပေးနေပြီး မော်ဒယ်အားလုံးဟာ ပစ္စည်းမပြတ်သေးဘူးလို့ သိရပါတယ်။ Verizon က အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အနက်ရောင် Pixel 2 XL ကို ၀ယ်ယူသူများအတွက် အောက်တိုဘာလ ၂၅ ရက်နေ့မှ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဖြူရောင် Pixel 2 XL ကိုတော့ နိုဝင်ဘာလ ၁ ရက်နေ့မှ ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။

ref : theverge

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category