188 Shares 54 Views

ဥာဏ်ရည်တု နည်းပညာပါတဲ့ Google Clips Camera

Oct 05, 2017
188 54

Google က ဥာဏ်ရည်မြင့် ကင်မရာငယ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူက သင့်ဘ၀ရဲ့ အမှတ်တရ အဖြစ်ဆုံး ပုံရိပ်များကို အကောင်းဆုံး အနေအထားမှာ အလိုအလျှောက် ရိုက်ကူးပေးမှာ ဖြစ်ပါတယ်။ ကင်မရာဟာ အရွယ်အစား သေးငယ်ပြီး သူ့ကို နေအိမ်ရှိ စားပွဲခုံလိုနေရာမှာ ထားရှိနိုင်ပါတယ်။

ကင်မရာက လူများ ၊ တိရိစ္ဆာန်များ၊ မျက်နှာများကိုလည်း ခွဲခြားနိုင်ပါတယ်။ Google က ကင်မရာဟာ မိဘများ၊ အိမ်မွေးတိရိစ္ဆာန် ပိုင်ရှင်များအတွက် သူတို့ရဲ့ ကလေးများ၊ တိရိစ္ဆာန်များရဲ့ ချစ်စရာကောင်းတဲ့ ဓါတ်ပုံများကို ရရှိစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

သူက ဥာဏ်ရည်တု နည်းပညာကို အသုံးပြု၍ အကောင်းဆုံးအချိန်မှာ ဓါတ်ပုံရိုက်ကူးပေးပါတယ်။ သူရဲ့ ဥာဏ်ရည်တုနည်းပညာက ပတ်ဝန်းကျင်မှ အရာများကို လေ့လာသင်ယူနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ ပိုမို စမတ်ကျလာမှာ ဖြစ်ပါတယ်။

သူ့မှာ 12MP Camera တပ်ဆင်ထားပြီး ၁၃၀ ဒီဂရီ မြင်ကွင်းကျယ် ကင်မရာ ဖြစ်ပါတယ်။ သူက ဓါတ်ပုံများကို တစ်စက္ကန့်လျှင် ၁၅ ဖရိမ်နှုန်းဖြင့် ဖမ်းယူပေးနိုင်ပါတယ်။ ဓါတ်ပုံများကို သိမ်းဆည်းဖို့အတွက် 8GB Storage ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီ သက်တမ်းက ၃ နာရီ ဖြစ်ပါတယ်။

ကင်မရာကို ဖွင့်ထားရင် LED မီးလင်းနေမှာ ဖြစ်ပါတယ်။ ဒီလို အသိပေးမှုဟာ လူတွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် ဖြစ်နိုင်ပါတယ်။ ကင်မရာကနေ ရိုက်ကူးထားမှုများကို ဗီဒီယို၊ ဓါတ်ပုံနဲ့ GIFs များအဖြစ် ဖန်တီးနိုင်တယ်လို့ Google က ပြောပါတယ်။ ၀ိုင်ဖိုင်ကနေ ဓါတ်ပုံများကို အခြား ကိရိယာများထံ ပေးပို့နိုင်ပါတယ်။ ဒါပေမယ့် သူ့ကို Pixels , iPhone 8 , 8 Plus , Galaxy S7, S8 တို့နဲ့သာ တွဲဖက် သုံးနိုင်ပါတယ်။ ကင်မရာဟာ ၂၄၉ ဒေါ်လာ တန်ကြေးရှိပါတယ်။

ref : pocket-lint

You may be interested

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
0 shares0 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
134 shares31 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung
Samsung
201 shares32 views

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အနေနဲ့ 8GB LPDDR5 DRAM Chip အကြောင်းတွေကို မနေ့ ညနေတုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 8GB LPDDR5 တွေဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံး 10nm အမျိုးအစား Chip များ ဖြစ်သလို 5G…

Leave a Comment

Most from this category