316 Shares 74 Views

ဘာသာစကားအမျိုး ၄၀ အထိဘာသာပြန်ပေးနိုင်မယ့် Google Pixel Buds

Oct 05, 2017
316 74

နည်းပညာဂုရုကြီး Google အနေနဲ့ Pixel event မှာ apple ရဲ့ airpods နဲ့ဆင်တူတဲ့ Pixel Buds ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ Pixel Buds အနေနဲ့ apple ဆီကနေနည်းပညာအများစုကို ရယူထားတာကို တွေ့ရပါတယ်။ သုံးစွဲသူအနေနဲ့ ဖုန်းနဲ့အလွယ်တကူ ချိတ်ဆက်နိုင်မယ့်အပြင် သေးငယ်တဲ့ battery case ပါပါတယ်။ ပိုမိုနားလည်နိုင်စွမ်းရှိလာတဲ့ လက်ထောက်နဲ့အတူ အနည်းငယ်ထိတွေ့ထိန်းချုပ်လိုက်တာနဲ့ ကွန်ရက်ချိတ်ဆက်မိမှာပါ။

အခြားဘက်ကကြည့်မယ်ဆိုရင်တော့ Pixel Buds ကို ဝိုင်ယာလက်နားကျပ်လို့မဆိုနိုင်ပဲ လည်တိုင်မှာတပ်ထားနိုင်တဲ့ နားကျပ်လို့ သတ်မှတ်နိုင်ပါတယ်။ သို့ပေမယ့် ပိုမိုတိုးတက်လာတဲ့ Google ရဲ့ hardware နည်းပညာကိုမြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ လက်ရှိပြထားတဲ့ပုံစံအရဆိုရင် လည်ပင်းမှာချိတ်ထားလိုက်ပြီး သင်နားနားကပ်လိုက်တာနဲ့ ဖုန်းနဲ့ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Pixel Buds ဟာကြိုးနဲ့ချိတ်ဆက်ပြီးလည်ပင်းမှာ ချိတ်ဆွဲထားလို့ Neckbuds လို့ဆိုနိုင်ပေမယ့် ပိုမိုကွဲပြားတဲ့လုပ်ဆောင် ချက်တွေကို ပေးစွမ်းပါလိမ့်မယ်။

Pixel Buds ရဲ့ စိတ်ဝင်စားစရာနောက်ထပ်အချက်တခုရှိပါသေးတယ်။ အဲ့ဒါကတော့ Google Translate ရဲ့ပေါင်းစပ်မှုနဲ့ မတူညီတဲ့ဘာသာစကားပေါင်း 40ကျော်ကို တိုက်ရိုက်ဘာသာပြန်ပေးနိုင်တာပဲဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ပေါင်းစပ်လုပ်ကိုင်တဲ့ အလုပ်ကိုလုပ်သူတွေအတွက် အဆင်ပြေစေပါလိမ့်မယ်။ ဒါပေမယ့်တချိ့စကားလုံးတွေပြန်ဆိုတဲ့ နေရာမှာတော့လိုအပ်ချက်တွေရှိပါသေးတယ်။

သင့်လက်ချောင်းတွေကနေဘာသာပြန်နိုင်စွမ်းရှိလာတော့မှာ ဖြစ်ပါတယ်။ သင့်ရဲ့နားပေါ်မှာလက်တချက်ဖိနှိပ်ပြီး ငါပြင်သစ်စကားမပြောတတ်လို့ ကူညီပေးပါအုံးဆိုတာနဲ့ စကားသံ(သို့)စာသားဖော်ပြပေးမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ159ဖြစ်ပြီး၊ နိုဝင်ဘာလမှာထွက်ရှိလာမှာဖြစ်ပါတယ်။

TheVerge

You may be interested

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views

၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်

Ko Thuya - Jan 16, 2019

ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

Leave a Comment

Most from this category