97 Shares 47 Views

Google က ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်ပါတဲ့ Home Mini နဲ့ Max စမတ်စပီကာများကို ကြေညာ

Oct 05, 2017
97 47

Google ရဲ့ Home Mini နဲ့ Max စမတ်စပီကာများကို ကြေညာလိုက်ပါတယ်။ Home Mini ဟာ ယခင်နှစ်ထုတ် Google Home ရဲ့ အရွယ်သေး မော်ဒယ် ဖြစ်ပြီး ချည်သားနဲ့ တူတဲ့ ဒြပ်ထုဖြင့် ဖုံးအုပ်ထားပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ၄၉ ဒေါ်လာဖြင့် ရောင်းချမှာ ဖြစ်ပြီး အရောင် သုံးမျိုးထုတ်လုပ်ပေးထားပါတယ်။

Home Max ကိုတော့ အသံအရည်အသွေးအတွက် အထူးထုတ်လုပ်ထားပြီး ၄.၅ လက်မအရွယ် Woofers ၂ လုံးပါပါတယ်။ ၀.၇ လက်မအရွယ် Tweeters ၂ လုံးထည့်ပေးထားပါတယ်။ မူလ Google Home ထက် အဆ ၂၀ ပိုမို ကျယ်လောင်ပါတယ်။ သူ့မှာ Google ရဲ့ ဥာဏ်ရည်တု နည်းပညာပါတဲ့ Smart Sound ပါပြီး သင့်ပတ်ဝန်းကျင်ရဲ့ အခြေအနေအပေါ် မူတည်၍ အသံကို ချိန်ညှိပေးပါတယ်။ သူ့ကို ထားရှိတဲ့ နေရာအလိုက် စပီကာကို အလိုအလျှောက် ချိန်ညှိပေးပါတယ်။

ပတ်ဝန်းကျင်မှာ ဆူညံသံများနေရင် သူက အသံကို အလိုအလျှောက် ကျယ်ပေးပါတယ်။ အွန်လိုင်းအခြေပြု YouTube Music, Spotify နဲ့ ထိပ်တန်း သီချင်း ၀န်ဆောင်မှုများအားလုံးကို ထောက်ပံ့ပါတယ်။ သူ့ကို ဒေါင်လိုက် သို့မဟုတ် အလျားလိုက် ထားနိုင်ပါတယ်။

ဒီဇင်ဘာလမှာ ၃၉၉ ဒေါ်လာဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ စပီကာနှစ်လုံးစလုံးမှာ Google Assistant ပါပြီး အသံအမိန့်များဖြင့် ခိုင်းစေနိုင်ပါတယ်။ မေးခွန်းများမေးခြင်း၊ အင်တာနက်မှာ ရှာဖွေခြင်း၊ သီချင်းဖွင့်ခြင်းများကို ပါးစပ်ကနေ ခိုင်းနိုင်ပါတယ်။

ref : gsmarena

You may be interested

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်
Android, ASUS, HUBS
0 shares0 views

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်

Ko Thuya - Aug 22, 2018

Asus ROG Phone မှာ စွမ်းရည်မြင့် Snapdragon 845 Chipset နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ အခုတော့ RAM ပမာဏ လျှော့ထည့်ထားတဲ့ တန်ဖိုးနည်း မော်ဒယ်များကို ထုတ်လုပ်ရောင်းချမယ့် သတင်းထွက်လာပါတယ်။ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှ…

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
464 shares63 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1274 shares179 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

Leave a Comment

Most from this category