551 Shares 1496 Views

Google ရဲ့ စွမ်းဆောင်ရည်မြင့် Pixel 2 နဲ့ Pixel 2 XL တို့ရဲ့ သိသင့်တဲ့ အကြောင်းအရာများ

Oct 05, 2017
551 1496

Google က စွမ်းဆောင်ရည်မြင့် Pixel 2 နဲ့ Pixel 2 XL တို့ကို ကြေညာလိုက်ပါတယ်။ Pixel 2 ဟာ မူလ Pixel နဲ့ ဒီဇိုင်းတူပေမယ့် Pixel 2 XL မှာတော့ ဒီဇိုင်းပြောင်းလဲထားပါတယ်။ Pixel 2 XL မှာ မူလ ၅.၅ လက်မ အစား ၆ လက်မမျက်နှာပြင်ကို တပ်ဆင်ထားပြီး မျက်နှာပြင်ဟာ Full Screen Design ဖြစ်ပါတယ်။ Full Screen Design ဆိုပေမယ့် Edge-to-Edge Design မဟုတ်ဘဲ မျက်နှာပြင် အထက်နဲ့ အောက်မှ ဘောင်များက အနည်းငယ်ထူပါတယ်။

Pixel 2 မှာတော့ မူလမော်ဒယ်အတိုင်း ၅ လက်မမျက်နှာပြင်တပ်ဆင်ထားပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ Snapdragon 835, OLED Display , 4GB RAM, 64 or 128GB Storage များ တပ်ဆင်ထားပါတယ်။ Pixel 2 ရဲ့ Screen Resolution မှာ Full HD ဖြစ်ပြီး XL မှာ 2880×1440 ဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၄၁ နဲ့ ၅၃၈ အသီးသီး ရှိပါတယ်။ Headphone Jack ကိုတော့ ဖယ်ရှားထားပါတယ်။

ဖုန်းနှစ်လုံးစလုံးမှာ ဘေးဘက်ကိုယ်ထည်ကို ညှစ်ခြင်းဖြင့် အလုပ်များလုပ်နိုင်တဲ့ Active Edge စွမ်းဆောင်ချက် ပါပါတယ်။ ဒီစွမ်းဆောင်ချက်ကို HTC U11 မှာ စတင်ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ Google က Pixel 2 စမတ်ဖုန်းများရဲ့ ကင်မရာကို အထူးဖန်တီးထားပြီး DxO ရဲ့ စမ်းသပ်ချက်အရ ၉၈ မှတ်ရခဲ့ပါတယ်။ အဲဒီအတွက် Pixel 2 ဟာ iPhone 8 Plus နဲ့ Galaxy Note 8 တို့ရဲ့ ၉၄ မှတ်ကို ကျော်ဖြတ်ပြီး အကောင်းဆုံး ကင်မရာ ပါတဲ့ စမတ်ဖုန်း ဖြစ်လာပါတယ်။

ဖုန်းနှစ်လုံးစလုံးမှာ 12.2MP Rear Camera ပါပြီး Optical Image Stabilization နဲ့ Electronic Image Stabilization နည်းပညာများ ပါပါတယ်။ Google က Dual Pixel Sensor လို့ ပြောပါတယ်။ Pixel ကို ၂ ခြမ်းခွဲလိုက်တဲ့ သဘောမျိုးဖြစ်တဲ့ Pixel အရွယ်အစားသေးငယ်သွားပါတယ်။ ဒါပေမယ့် ဒီလို ပြုလုပ်ခြင်းဖြင့် အကျိုးကျေးဇူးများ ရစေပါတယ်။ Autofocus လုပ်ရာမှာ ပိုမို မြန်ဆန်လာပါတယ်။ ကင်မရာနှစ်လုံးမပါဘဲ iPhone 7 , iPhone 8 Plus တို့လို နောက်ခံကို Blur လုပ်နိုင်တဲ့ Portrait Mode ကိုလည်း သုံးနိုင်မှာ ဖြစ်ပါတယ်။

Pixel ကို နှစ်ခြမ်းခွဲခြင်းဟာ ဒုတိယ ကင်မရာပါသလိုမျိုး ဓါတ်ပုံရဲ့ Foreground နဲ့ Background ကို ခွဲခြားနိုင်ပါတယ်။ Google က သူ့ရဲ့ Portrait Effect ဟာ လူသာမက အရာဝတ္ထုများအတွက်လည်း အလုပ်လုပ်တယ်လို့ ပြောပါတယ်။

Google က iPhone Live Photos လို Motion Photos စွမ်းဆောင်ချက်ကို ထည့်ပေးထားပြီး အလုပ်လုပ်ပုံချင်း တူညီပါတယ်။ သူက ဓါတ်ပုံတစ်ပုံရိုက်တိုင်းမှာ သုံးစက္ကန့်ကြာ ဗီဒီယိုတစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ Portrait Mode နဲ့ Motion Photos တို့ဟာ iPhone ကို တုပထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် Google Pixel 2 စမတ်ဖုန်းများကို ၀ယ်ယူရင် ထူးခြားတဲ့ အကျိုးကျေးဇူး အနေဖြင့် ဓါတ်ပုံနဲ့ ဗီဒီယိုများကို မူလအရည်အသွေးဖြင့် Google Photos မှာ အခမဲ့ ထာဝရ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ Google Photos ကို လူတိုင်း အခမဲ့ သုံးနိုင်ပေမယ့် ဖိုင်အရွယ်အစားနဲ့ အရည်အသွေးကို ကန့်သတ်ထားပါတယ်။

Pixel ဖုန်းများရဲ့ ကင်မရာဟာ AR Stickers အပါအ၀င် Augmented Reality စွမ်းဆောင်ချက်များကို ထောက်ပံ့ပါတယ်။ ဓါတ်ပုံ၊ ဗီဒီယိုများမှာ 3D အရုပ်များနဲ့ Emoji များကို ထည့်သွင်းနိုင်ပါတယ်။ Google က အခြား အဖွဲ့အစည်းများနဲ့ ပူးပေါင်း၍ နာမည်ကျော် အရုပ်များကို ထည့်သွင်းပေးမှာပါ။

ဖုန်းများမှာ Notifications နဲ့ အချိန်တို့ကို အချိန်မရွေးကြည့်နိုင်တဲ့ Always-on-Display တပ်ဆင်ထားပါတယ်။ မိုက်ကရိုဖုန်းများဟာ အချိန်ပြည့်နားစွင့်နေနိုင်လာပြီး သီချင်းဖွင့်ထားရင် သူ့ရဲ့ စာသားကို စကရင်မှာ ပြသပေးနိုင်ပါတယ်။

Pixel 2 နဲ့ Pixel 2 XL တို့ဟာ Google Lens ပါလာတဲ့ ပထမဆုံး ဖုန်းများ ဖြစ်ပါတယ်။ သူက စာအုပ်၊ အဆောက်အဦးများလို အရာဝတ္ထုများကို ကင်မရာကနေ ချိန်ရွယ်လိုက်ရင် သူတို့ရဲ့ သတင်းအချက်အလက်များကို အလိုအလျှောက် ပြသပေးမှာ ဖြစ်ပါတယ်။

Pixel 2 ကို အဖြူ၊ အနက်၊ အပြာရောင်များ ထုတ်လုပ်ပေးထားပြီး 64GB ကို ၆၄၉ ဒေါ်လာ နဲ့ 128GB ကို ၇၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Pixel 2 XL ကို အနက်နဲ့ အဖြူရောင် ထုတ်လုပ်ပေးထားပြီး 64GB ကို ၈၄၉ ဒေါ်လာနဲ့ 128GB ကို ၉၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ရောင်းချမှာပါ။ အောက်တိုဘာလ ၁၉ ရက်နေ့မတိုင်ခင် မှာယူသူများအတွက် လာမယ့်လမှာ Home Mini ကို လက်ဆောင်ပေးမှာပါ။

ref : theVerge

You may be interested

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း
FEATURES, HUBS, Vivo
0 shares16 views

Mid-range ဖုန်းတွေရဲ့ ပထမဆုံး In-Display Fingerprint Scanning စနစ်ကို ချဉ်းကပ်ကြည့်ခြင်း

Creepy Tyler - Oct 15, 2018

(Zawgyi) ၂၀၁၈ ခုနှစ်ဟာ စခရင်အပြည့်ဖုန်းတွေရဲ့ နှစ်ဖြစ်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ စမတ်ဖုန်းတွေမှာ ဘောင်တွေ တဖြည်းဖြည်းပျောက်လာပြီး၊ အသုံးပြုသူတွေအတွက် ပိုမိုထဲထဲဝင်ဝင် ခံစားနိုင်တဲ့ Immersive Experiences ကို ပေးစွမ်းလာနိုင်ကြပါတယ်။ ဒါပေမယ့် စခရင်အပြည့်နဲ့ Immersive အရသာကို ပေးစွမ်းနိုင်ဖို့အတွက် ပြန်ရင်းနှီးပေးလိုက်ရတာ…

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း
Apple, FEATURES, HOW TO
0 shares25 views

Apple Face ID မှာ Alternate Apperance ထည့်သွင်းနည်း

Ko Thuya - Oct 15, 2018

iOS 12 မှာ Apple Face ID အတွက် လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အဲဒီအထဲက တစ်ခုမှာ သင့် မိသားစုဝင်၊ သူငယ်ချင်းလို အခြား လူတစ်ဦးရဲ့ မျက်နှာကို သင့်ဖုန်းရဲ့ Face ID မှာ ထည့်သွင်းနိုင်တာ…

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်
Android, HTC, HUBS
0 shares27 views

HTC ရဲ့ Blockchain Smartphone ကို ယခုလ ၂၂ ရက်နေ့မှာ ကြေညာမည်

Ko Thuya - Oct 15, 2018

HTC က Blockchain Smartphone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတာ လအနည်းငယ် ရှိနေပါပြီ။ မကြာခင်ကလည်း အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို ကုမ္ပဏီက ပြောခဲ့ဖူးပါတယ်။ သူ့ရဲ့ အမည်က HTC Exodus ဖြစ်ပါတယ်။ အခုတော့…

Leave a Comment

Most from this category