136 Shares 70 Views

ဂျပန် Programming ကျောင်းက ချောမောလှပတဲ့ အမျိုးသမီးများဖြင့် ကျောင်းသားများကို စွဲဆောင်

Oct 05, 2017
136 70

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ရှီဘူယ Programming ကျောင်းက ကျောင်းသားများ စိတ်ပါဝင်စားစွာ ပညာသင်ကြားအောင် ချောမောလှပတဲ့ အမျိုးသမီးများနဲ့ အတူတကွ သင်ကြားပေးတဲ့ အစီအစဉ်ကို စတင်ပေးလိုက်ပါတယ်။

အဲဒီချောမောလှပတဲ့ အမျိုးသမီးများကို MadeInMaidFamily ကနေ ငှားရမ်းထားခြင်း ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဈေးကွက်မှာ ဒီလို ချောမောလှပတဲ့ အမျိုးသမီးများက ကျောင်းသားများရဲ့ ပညာသင်ကြားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်တယ်လို့ အဖွဲ့အစည်းကို တည်ထောင်ထားသူများက ယုံကြည်ထားပါတယ်။

အမျိုးသမီးငယ်များဟာ ကျောင်းသားများရဲ့ Programming စွမ်းရည်ကို တိုးတက်အောင် စိတ်ဓါတ်ခွန်အားပေးခြင်း၊ ကျောင်းသားများကို စာများ မေးမြန်းခြင်းနဲ့ အကူအညီများပေးခြင်းများကို ပြုလုပ်ပေးပါတယ်။ သင်ခန်းစာများကိုလည်း ကျောင်းသားများနဲ့ အမျိုးသမီးငယ်များ အတူတကွ လေ့လာနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။

အမျိုးသမီးများအနေဖြင့်လည်း ကျောင်းသားများနဲ့အတူ သင်ခန်းစာများ လေ့လာနိုင်တဲ့အတွက် အနာဂတ်မှာ အလုပ်အကိုင်ကောင်းများ ရရှိနိုင်တဲ့ အခွင့်အလမ်း များပြားမှာ ဖြစ်တယ်လို့ MadeInMaidFamily က ယုံကြည်ထားပါတယ်။

အမျိုးသမီးများက ၃ နာရီကြာ Programming သင်ခန်းစာများအတွက် ယမ်း ၂၀၀၀ ( ၁၈ ဒေါ်လာ) ကို ပေးစရာမလိုဘဲ သင်ခန်းစာများကို သင်ကြားနိုင်ပါတယ်။ ဒီလို ချောမောလှပတဲ့ အမျိုးသမီးများကို အမျိုးသားများအား ကူညီစေတဲ့ Trend ဟာ ဂျပန်မှာ မကြာခင်က ရေပန်းစားလာပါတယ်။ အရင်တုန်းကတော့ ကော်ဖီဆိုင်များမှာသာ မိန်းမငယ်များက အဖော်လုပ်ပေးကြပြီး အခုတော့ Gyms များနဲ့ Programming ကျောင်းများမှာပါ သူတို့က ကူညီလာကြပါတယ်။

ref : odditycentral

You may be interested

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ
Facebook, HUBS, NEWS
0 shares0 views

Facebook မှ အမုန်းစကားများကြောင့် သီရိလင်္ကာမှာ အကြမ်းဖက်မှုများကို ပိုမို ဆိုးရွားလာ

Ko Thuya - Apr 23, 2018

New York Times ရဲ့ သတင်းအရ သီရိလင်္ကာမှ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese လူမျိုးများနဲ့ လူနည်းစု ဖြစ်တဲ့ မူဆလင်များအကြားမှာ Facebook မှ အမုန်းစကားများကြောင့် တင်းမာမှုများ ပိုမို ဆိုးရွားလာတယ်လို့ သိရပါတယ်။ သီရိလင်္ကာ လူမျိုးအများစုဟာ…

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ
Android, HUBS, Meizu
0 shares0 views

Meizu က အနောက်ကင်မရာ နှစ်လုံးပါတဲ့ 15 Plus ကို ကြေညာ

Ko Thuya - Apr 23, 2018

မီဇူးက ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။…

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့
NEWS, Tech Update
230 shares41 views

အမှားအယွင်းဖြစ်ရင်တောင် မပေါက်ကွဲနိုင်တဲ့ဘက်ထရီတစ်မျိုးသုတေသီများတီထွင်နိုင်ခဲ့

Nwe Oo Thant - Apr 22, 2018

နေ့စဉ်ယူဆောင်သွားလာနေရတဲ့လျှပ်စစ်ပစ္စည်းတွေမှာ ပြန်လည်အားသွင်းအသုံးပြုရတဲဘက်ထရီတွေကို built-in ထည့်သွင်းထားပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ vape တွေမှာတောင် ဘက်ထရီတွေနဲ့အသုံးပြုရတာဖြစ်လို့ တစ်ခုခုအမှားအယွင်းဖြစ်ရင်(ဥပမာ- အပူလွန်တာမျိုးဖြစ်ခဲ့ရင်) သုံးနေရင်လက်ထဲမှာတင် ပေါက်ကွဲတာ လောင်ကျွမ်းတာတွေကို  ဗီဒီယိုတွေမှာလည်း မြင်ဖူးပြီးသားဖြစ်မှာပါ။ ဒါကြောင့်လည်း လျှပ်စစ်ပစ္စည်းတွေဝယ်ရင်လည်း စိတ်ချတဲ့ဘက်ထရီတွေကို ရွေးဝယ်ဖို့အရေးကြီးပါတယ်။ အခုလည်း သုတေသီတွေ သိပ္ပံပညာရှင်တွေပူးပေါင်းပြီး…

Leave a Comment

Most from this category