0 Shares 169 Views

Messenger Lite app ကို android သုံးစွဲသူများအတွက် Facebook ဖြန့်ချိ

Oct 04, 2017
0 169

ဒေတာသုံးစွဲမှုသက်သာစေမယ့် Messenger Lite Android app ကို အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ အိုင်ယာလန်နိုင်ငံများအတွက်ဖြန့်ချိပေးလိုက်ပါတယ်။ ယခင်က အင်တာနက်နှေးကွေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဒီ app ကို ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ ၁၀၀ ကျော်မှာပဲ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ facebook အနေနဲ့ lite ကိုဖွံ့ဖြိုးဆဲနိုင်ငံမှာရှိတဲ့ မိုဘိုင်းအော်ပရေတာတွေနဲ့ ပေါင်းစပ်ပြီး အခမဲ့အသုံးပြုလို့ရအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

Messenger Lite မှာ မူရင်း app ရဲ့ အရေးပါတဲ့ feature အများစုပါဝင်ပေမယ့် ဒေတာအများအပြားသုံးစွဲမယ့် Messenger Day နဲ့ selfie lens တွေလိုမျိုး အရာတွေတော့ မပါဝင်ပါဘူး။ ဒါ့အပြင် iOS ဗားရှင်းတစ်မျိုးကို ဖြန့်ချီဖို့အစီအစဉ်မရှိဘူးလို့ facebook က ဆိုပါတယ်။

ယခင်က Messenger Lite ကို bandwidth နည်းတဲ့နေရာတွေက သုံးစွဲသူတွေ လျင်မြန်စွာအသုံးပြုနိုင်ဖို့အတွက် အဓိကထား ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ Facebook ရဲ့ ထိပ်တန်း ဖွံ့ဖြိုးပြီးကမ္ဘာ့ဈေးကွက်တွေမှာ တိုးချဲ့ဖြန့်ချိလိုက်တာကြောင့် ဈေးကြီးတဲ့ data plan တွေကို သုံးစွဲလိုခြင်းမရှိတဲ့ user တွေအတွက် အဆင်ပြေစေမယ်လို့ သိရပါတယ်။ သုံးစွဲလိုသူတွေအနေနဲ့ https://messenger-lite.en.uptodown.com/android မှာသွားရောက်ရယူနိုင်မှာဖြစ်ပါတယ်။
Ref: Theverge

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category