0 Shares 270 Views

Las Vegas သေနတ်ပစ်ခတ်မှုမှာ ပိုင်ရှင်ရဲ့ အသက်ကို ကယ်လိုက်တဲ့ iPhone

Oct 04, 2017
0 270

Las Vegas သေနတ်ပစ်ခတ်မှုမှာ နှင်းဆီရွှေရောင် iPhone က ပိုင်ရှင် အမျိုးသမီးရဲ့ အသက်ကို ကယ်တင်လိုက်ပါတယ်။ အမျိုးသမီးရဲ့ အမည်ကိုတော့ မသိလိုက်ရဘဲ သူမဟာ အခင်းဖြစ်ပွားပြီးနောက် သူမရဲ့ တက္ကစီ ယာဉ်မောင်းကို ဖုန်းအား ပြသခဲ့တာ ဖြစ်ပါတယ်။ သေနတ်ပစ်ခတ်မှုမှာ လူပေါင်း ၅၉ ဦး သေဆုံးခဲ့ပြီး ၅၂၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

သေနတ်ကျည်ဆန် ထိခဲ့တဲ့ iPhone ဓါတ်ပုံအရ ကျည်ဆန်ဟာ ဖုန်းရဲ့ အနောက်ဘက် အောက်ခြေကို မှန်ခဲ့တာ ဖြစ်ပြီး ဖောက်ထွင်းသွားခြင်း မရှိတဲ့အတွက် ဖုန်းပိုင်ရှင်ဟာ အသက်ချမ်းသာရာ ရခဲ့ခြင်း ဖြစ်ပါတယ်။ ဖုန်းပိုင်ရှင်ဟာ ဖုန်းကို ဘယ်နေရာမှာ သိမ်းထားသလဲဆိုတာကိုတော့ မသိရပါဘူး။

သေနစ်ပစ်သမားဟာ အသက် ၆၄ နှစ်အရွယ် Stephen Paddock ဖြစ်ပြီး သူဟာ အခင်းဖြစ်ပြီးနောက် ကိုယ့်ကိုကိုယ် သတ်သေခဲ့တယ်လို့ တွက်ချက်ထားကြပါတယ်။ သူဟာ Mandalay Bay Hotel & Casino ရဲ့ ၃၂ ထပ်ကနေ ဂီတပွဲကြည့်နေတဲ့ လူပေါင်း ၂၂ ၀၀၀ ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ရဲများဟာ အခင်းစတင် ဖြစ်ပွားချိန်ကနေ လူသတ်သမားထံရောက်ဖို့ ၇၂ မိနစ်ကြာမြင့်ခဲ့ပါတယ်။ သေနတ်သမားဟာ လူသွားလမ်းမှာ ကင်မရာများ တပ်ဆင်ထားတဲ့အတွက် ရဲများရောက်လာတာကို သိခဲ့ပါတယ်။

သေနတ်သမားဟာ ရဲများရောက်လာချိန်မှာတောင် တံခါးကို ပစ်ခတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် SWAT အဖွဲ့ရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ အလောင်းကိုသာ တွေ့ရပါတော့တယ်။ သူဟာ ယခင်က ပြစ်မှုမရှိဖူးသူ ဖြစ်ကြောင်းလည်း သိရပါတယ်။

ref : dailymail

You may be interested

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares0 views

မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်

Nigma - May 25, 2019

Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares94 views

မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို

Nigma - May 25, 2019

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်
NEWS
0 shares10 views

၂၀၁၈/၂၀၁၉ ဘဏ္ဍာနှစ်မှာ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း Lenovo ထုတ်ပြန်

Nigma - May 25, 2019

တရုတ်နည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Lenovo က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးရလဒ်တွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Lenovo အတွက် မျှော်မှန်းထားတာထက်ကို အခြေအနေကောင်းတဲ့ ဘဏ္ဍာရေးနှစ်လို့ ဆိုရမှာပါ။ Intelligent Transformation လို့ အမည်ပေးထားတဲ့ စီးပွားရေးဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ကုမ္ပဏီအနေနဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့တာ…

Leave a Comment

Most from this category